Wednesday, November 25, 2009

ဓါတ်ကြိုက်သူများ... (မစိုးရိမ်စာသင်သား)

သာသနာစောင့် နတ်မင်းကြီးနှင့် အိမ်ခြံမြေ သန့်စင်နည်း... (မစိုးရိမ်စာသင်သား)

ဓါတ်ကြိုက်သူများ...

တရားမလိုက် အမှားကြိုက်၊ ဝဋ်ဆိုက်ကြလေပြီ တကား...
တီကောင်နှင့်မျှား ကြိုက်သောငါး၊ ဆုံးပါးကြလေပြီ တကား...





Tuesday, November 24, 2009

မွေးနေ့မှာ ကုသိုလ်ကောင်းမှုလုပ်ခြင်းဟာ... (ဓမ္မဒူတ)

ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ)၃-မှ...

မွေးနေ့မှာ ကုသိုလ်ကောင်းမှုလုပ်ခြင်းဟာ ဘယ်လို အကျိုးကျေးဇူးများ ရှိပါသလဲဘုရား...

















သွေးနဲ့ရေးတဲ့ သာသနာ (ဖြူးဆရာတော်)


ဓမ္မကထိကဗဟုဇနဟိတဓရ သာသနဓဇ ဓမ္မာစရိယ
ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ (မဟာစည်)

နိဗ္ဗာန်ရောက်ကြောင်းတရားတော်



သွေးနဲ့ရေးတဲ့ သာသနာ အပိုင်း-၁
သွေးနဲ့ရေးတဲ့ သာသနာ အပိုင်း-၂

အရှင်ပုညာနန္ဒ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ...




အရှင်ပုညာနန္ဒ
နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ

၁။ သေရဲအောင်ကြိုးစားကြ...
၂။ နိဗ္ဗာန်ကို ဘယ်လို လိုချင်သလဲ...
၃။ လှူတယ်ဆိုတာ ရလိုက်တာပါ...
၎။ စိတ်ယဉ်ကျေးမှ ချမ်းသာရ...
၅။ ဘဝထောင်မှ လွတ်ကြပါစေ...
၆။ အလုပ်ပေး... စိတ်ကိုအလှဆင်ပြီးမှ လှူလိုက်ပါ...
၇။ သေမင်းလက်မှ လွတ်ဖို့ရာ...
၈။ ဂျိုကိုင်ပြီးမှ နို့မတောင့်တနဲ့...
၉။ တောင်းပန်ပါတယ် မြတ်စွာဘုရား...
၁၀။ ဘယ်ချမ်းသာကို လိုလို့ လှူတာလဲ...
၁၁။ အသိအမြင် ရှင်းကြပါစေ...
၁၂။ ခဏကောင်းကို အလွတ်မခံနိုင်ပါ...
၁၃။ အမြင်ဉာဏ် ရှင်းကြပါစေ...
၁၄။ ဉာဏ်အမြင် ရှင်းကြပါစေ...
၁၅။ ကိုင်းကျွန်းမှီ ကွန်းကိုင်းမှီ...
၁၆။ ဉာဏ်အမြင်ရှင်းကြပါစေ...

၁၇။ သတ္တဝါတို့၏ မှီရာ...  
၁၈။ ဘယ်လိုကျင့်မှ ဆင်းရဲလွတ်ရ...
၁၉။ အပူရွာမှ အေးရွာသို့...
၂၀။ ဝန်ထမ်းဘဝ လွတ်ကြပါစေ...   
၂၁။ ကိုယ်ထောင်တဲ့လှေခါး ကိုယ်ကိုယ်တိုင် မဖျက်ဆီးနဲ့...
၂၂။ မိုက်မဲမှုနှင့် စခဲ့သည့်ဒုက္ခ...
၂၃။ လုပ်သင့်တာကို အချိန်မှီလေးလုပ်ထားကြ...
၂၄။ တာဝန်ကျေပါစေ...
၂၅။ အသေတတ်အောင် ကျင့်ထားကြ...
၂၆။ နှစ်သက်စရာက ဘယ်ဟာလဲ...     
၂၇။ အဝိဇ္ဇာနှင့် ဝိဇ္ဇာ...
၂၈။ ခန္ဓာထဲကရှိတဲ့တရား သိအောင်ကြည့်ထား...
၂၉။ လိုတာတွေကို ဖြည့်နေတာပါ...
၃၀။ သံယောဇဉ်ဖြတ်ဖို့ လာတာပါ... 
၃၁။ ဝဋ်ကျွတ်တဲ့အလှူ လှူကြစို့...
၃၂။ ကိုယ်စိတ် ကိုယ်ကျောင်းကြ...

၃၃။ ကျေးဇူးဆပ်တာပါ...
၃၄။ ယုန်ခုန်ခုန်လို့ ရှေ့မတိုးတာလား...
၃၅။ လှူရတာ ကျေနပ်စရာပါ...
၃၆။ တရားမနာရရင် ရှုံးတယ်...
၃၅။ ကိုယ်နဲ့မဆိုင်တဲ့အသိ ရှိပါစေ...  
၃၆။ စုပေါင်းအလှူနဲ့ အဆောက်အဦ လှူရခြင်းအကျိုး...
၃၇။ ကိုယ်စိတ်ကိုယ်ကျောင်းကြ...
၃၇။ လှပတဲ့ဘဝနဲ့ နိဗ္ဗာန်ဝင်ချင်ရင်...
၃၉။ စင်ကြယ်တဲ့ ကုသိုလ်ခြံရံတဲ့ မွေးနေ့အလှူ...
၄၀။ အနာဂါမ်လည်း အထင်သေးတတ်သေးတာပဲ...
၄၁။ ဆုံးဖြတ်ချက် ခိုင်ပါစေ...
၄၂။ အိပ်မက်ပမာ နားလည်ပါ...
၄၃။ မွေးနေ့မှာ ပါရမီပြည့်အောင် လှူကြည့်မယ်...
၄၄။ သီလဆောက်တည်လှူဒါန်းလျှင်...


စီဒီကာဘာ

သူတော်ကောင်းတရားများ တိုးပွါးကြပါစေ

ဤတရားတော်များကို လှူဒါန်းရသော ကောင်းမှုကံ စေတနာတို့သည်
နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေသတည်း

Monday, November 23, 2009

မျှော်ရာလမ်း...

နတ်ရွာစံမင်းတရား သံဝေဂဖြစ်ပွားသည်ကို... (သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်)

သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်

၄၉... နတ်ရွာစံမင်းတရား သံဝေဂဖြစ်ပွားသည်ကို သားနှစ်ယောက် ဥပမာဖြင့် လျင်မြန်စွာ ဖြေဆိုတော်မူခြင်း...
၅၀... မင်းတရားကြီးအလိုစမ်းသော အပြက်စကားကို ငှက်ဖျားနှင့်ပမာပြ၍ မကြာတစ်ခဏ ဖြေဆိုတော်မြူုခင်း...
၅၁... မေးလျှောက်ပုံ ထူးခြားသဖြင့် ဝက်ရူးသမားနှင့် ပုံထပ်လျက် ဆုံးဖြတ်မိန့်ဆိုတော်မူခြင်း...












Sunday, November 22, 2009

မမြင့်မွန် လျှောက်ရမည့်လမ်း...


မမြင့်မွန် လျှောက်ရမည့်လမ်း...





ဘေး ဆိုက်မှာ တင်သမျှစာများ...

ဝီရသူ

*** အမျိုးအတွက်ဆိုရင် သေရဲတယ် ***

တို့မြန်မာပြည် တိုင်းရင်းသားတို့၊
မောင်ရင်းနှမလို ချစ်ရမယ်။
ကြီးသူ ရိုသေ ငယ်သူ သနားလို့၊
ရွယ်တူလေးစား စောင့်ရှောက်ကွယ်။

မျိုးဇာတိဂုဏ် မြင့်မားရေးအတွက်၊
သာကီသွေးတွေ မွေးရမယ်။
တို့မြန်မာကို လာမထိနဲ့၊
ကမ္ဘာသိအောင် ချေမှုန်းမယ်။

ကံငါးပါးကို ဦးထိပ်ထားလည်း၊
အမျိုးအတွက်ဆို သတ်ရဲတယ်။
တို့တိုင်း တို့ပြည် တည့်တန့်ရေးအတွက်၊
အသက်သွေးနဲ့ ပေးဆပ်မယ်။

တစ်ဗိုလ် ကျလျှင် တစ်ဗိုလ်တက်မကွဲ့၊
အမျိုးအတွက်ဆိုရင် သေရဲတယ်။

ဝီရသူ

အရှင်ဝိစိတ္တ မိုးနံကုန်းကျောင်းတိုက်၊ တပ်ကုန်းမြို့။

*** မြန်မာတို့သွေး မျိုးချစ်ရေး ***

မြန်မာပီသ အပျိုစင်၊ ချစ်ဖေါ်ရွေးချယ်ရင်(လျှင်)။
ဘာသာမျိုးတူ မကွဲပြား၊ ချစ်ဖေါ်ရွေးပါလား။
မြန်မာစစ်စစ် ဖြစ်ရတာ၊ ဂုဏ်ယူဝံ့ကြွားပါ။
ကိုယ့်ရင်သွေးမှာ ဇာတိသွေး၊ မြန်မာစစ်စစ်မွေး။

ဘဝကြင်ဖေါ် ချစ်သွေးပျော်၊ ဘာသာခြားနှင့်နော်။
မြန်မာပျိုတွေ တွဲလေတိုင်း၊ စိတ်များလွန်ထိုင်မှိုင်း။
ကပြားလေးတွေ တွေ့မြင်ရင်(လျှင်)၊ စိတ်များမကြည်လင်။
အနာဂတ်မြန်မာ လူမျိုးရေး၊ စိုးရိမ်ပူပန်တွေး။

မအိုခင်က အပျိုစင်၊ ကျွန်ုပ်တောင်းပန်ချင်။
ပျိုတိုင်းကိုယ်စီ မျိုးချစ်သွေး၊ ရင်တွင်းပြည့်သိပ်မွေး။
ဘဝအခြေနေ ဘယ်လိုနေ၊ မျိုးတူချစ်ကြိုက်လေ။
မျိုးချစ်စိတ်ဓာတ် ခိုင်မာရေး၊ တိုင်းရင်းသားတို့မွေး။

မွေးကတည်းက သွေးပါလာ၊ မျိုးချစ်သွေးဆိုတာ။
မိဘနှစ်ဖြာ မြန်မာ့သွေး၊ ဦးစွာမွေးဖွားရေး။
မျိုးဇာတိဂုဏ် ကျင့်သိက္ခာ၊ ထိန်းသိမ်းပေးရမှာ။
မြန်မာမှန်လျှင် မျိုးချစ်သွေး၊ လူတိုင်းကိုယ်စီမွေး။

ငါတို့မြန်မာ လူများစွာ၊ ကပြားမွေးရင်ကွာ။
အနာဂတ်မြန်မာ တို့လူမျိုး၊ ပျောက်ကွယ်သွားမှာစိုး။
ကိုယ်ရင်သွေးက ကလေးတွေ၊ မြန်မာပီသစေ။

မြန်မာသွေးကို အလှဆင်၊ မြန်မာအပျိုစင်။
မအိုခင်က မျိုးချစ်သွေး၊ ပျိုတိုင်း ကိုယ်စီမွေး။
မောင်တို့မယ်တို့ သတိဆောင်၊ ကပြားမွေးတာရှောင်။
မြန်မာပီသ မြန်မာ့သွေး၊ မျိုးချစ်စိတ်ဓာတ်မွေး။

အရှင်ဝိစိတ္တ မိုးနံကုန်းကျောင်းတိုက်၊ တပ်ကုန်းမြို...


အရှင်ပညောဘာသ ဖိုးပညော (သပိတ်ကျင်း)

***ပြောမယုံ ကြုံဖူးမှသိ ရင်နာမိပါ၏***

ဒီတိုင်းပြည်ခို၊
ဒီရေကိုသောက်၊ ဒီမြေအောက်က၊
ကူထောက်စီးပွား၊ ထုတ်ယူစားပြီ၊
ပြည်ဖွားအိမ်ရှင်၊ ရန်သူထင်၊
အသင်မှားနေပြီ.

အိမ်ရှင်ရိုကျိုး၊ အိမ်ရှင်ကိုးသော၊
မျိုးရိုးဘာသာ၊ သာသနာကို၊
ခြေရာနင်းလျှက်၊ အတင်းဖျက်၊
ရက်စက်လွန်းနေပြီ။

အိမ်ရှင်ကဖွား၊ သမီး သားကို၊
ဇနီးအဖြစ်၊ လင်အဖြစ်ဖြင့်၊
အနှစ်ကိုနှုတ်၊ အညစ်မြှပ်လျှက်၊
မွေးထုတ်ကလေး၊ စပ်တူသွေးတွင်၊
အရေးချက်ချာ၊ မျိုးဘာသာအား၊
လုယူထား၊ စော်ကားလွန်းနေပြီ။

သင့်အိမ်ခိုလျှက်၊ သင့်ကိုဖျက်၊
သင်လက်ခံမည်လော...?
သမီးပျော်ပါး၊ သားပျော်ပါး၊
စော်ကားခံမည်လော...?

အရှင်ပညောဘာသ ဖိုးပညော (သပိတ်ကျင်း)

အရှုံးသမားဆိုတာ အမုန်းပွားရမှာ သဘာဝပါ...
ကျုပ်ကတော့ သံသရာတလျှောက်မှာ အရှုံးပေးခဲ့ရပေမဲ့...
ခုချိန်ထိ သူ့ကို သူ့ကို... အမုန်းမပွါးမိပါ...
ချစ်နေဆဲပါ မပြစ်နိုင်သေးပါ...
သူဆိုသည်မှာ ဒီမှာ ဒီမှာ...
lknt

သူ့တို့အတွက် နားကြားပြင်းကပ်စရာ

သဒ္ဓါတရား မရှိသူ ပုဂ္ဂိုလ်ရဲ့ ရှေ့မှာ
သဒ္ဓါတရားနဲ့ ပတ်သက်သော တရားစကားသည်
နားကြားပြင်းကပ်စရာ...

မေ့လျော့ ပေါ့တန်တဲ့ ပုဂ္ဂိုလ်ရဲ့ ရှေ့မှာ
သတိနဲ့ ပတ်သက်သော တရားစကားသည်
နားကြားပြင်းကပ်စရာ...

စိတ်ပျံ့လွင့်နေတဲ့ ပုဂ္ဂိုလ်ရဲ့ ရှေ့မှာ
သမာဓိနဲ့ ပတ်သက်သော တရားစကားသည်
နားကြားပြင်းကပ်စရာ...

ပညာမရှိတဲ့ လူမိုက်ပုဂ္ဂိုလ်ရဲ့ ရှေ့မှာ
ပညာနဲ့ ပတ်သက်သော တရားစကားသည်
နားကြားပြင်းကပ်စရာ...

lknt




နတ်ကတော်

နတ်ကတော် ညာသမျှ...
ဘာကမှ မတွေးခေါ်...
မြှောက်တင်ကြ ခိုင်းစေသော်...
ကောင်လုံးကျော် ကြက်သား...
ကိုးစားကြ ဘိုးဘိုးအောင်ရယ်...
ခေါင်ထက်ခေါင် တင်စား...
သူရဿတီ အဆောင်ထားလို့...
ဘိုးတော်ဘွား စုံစွာ...
နှုတ်အာမှာ ရွတ်တာကြည့်တော့...
ဂစ္ဆာမိ တိသရဏာ...
အပြောအလုပ် အဟုတ်မညီပါ...
မိစ္ဆာသာ မှောက်မှားလို့...
မြှောက်စားကြ နည်းမျိုးစုံ...
နေ့ရက်တွေကုန်...
ရှေ့ဆက်လို့ တကယ်စုံလျှင်...
အပါယ်ဘုံ ကျကိန်းကွယ့်... လေး....။

လယ်တီဆရာတော်


မြင့်ကြူခိုင်(မုံရွာ)

မြန်မာတွေနေတဲ့ မြန်မာပြည်

သစ်ပင်ကမ္ဘာ၊ ရုက္ခရွာ၌၊
ရသာချိုမြ၊ သီးကင်းလှသည့်၊
ဗန္ဓရသရက်၊ ပင်ပျိုထက်ဝယ်။
တွယ်ဖက်တက်လျှောက်၊ နွယ်ယှက်ပေါက်သည့်၊
ဂွေးတောက်ကပ်ပါး၊ ပူးဝင်ပွား၍၊
တူးခါးဖန်သက်၊ ရသာပျက်ကာ၊
မျိုးဆက်သိမ်ဖျင်း၊ မျိုးပျက်ခြင်းကို၊
ထင်လင်းရှုမြင်၊ ပမာတင်၍၊
ဆင်ခြင်သုံးသပ်ကြည့်ပါလေ။

လူတို့ကမ္ဘာ၊ သတ္တရွာ၌၊
နေရာပိုင်းရှာ၊ စည်းရိုးတား၍၊
မြေသားပထ၀ီ၊ တိုင်းဌာနီဟု၊
တည်ရာပိုင်နက်၊ နယ်မြေထက်ဝယ်၊
ဆက်ဆံချုပ်ခြား၊ အုပ်စိုးလာလျှက်၊
ရှည်ကြာမှီတင်း၊ နေထိုင်ရင်းမှ၊
သက်ဆင်းပေါက်ပွား၊ နိုင်ငံသားတို့၊
မြေးသားစဉ်ဆက်၊ ပေါင်းနွယ်ဖက်ကြ၊
မျိုးဆက်တစ်ခု၊ ၀ံသာနုကို၊
ပြုစုတည်တံ့၊ သွေးသန့်သန့်ဖြင့်၊
ခန့်ညားထယ်ဝါခဲ့ကြသည်။

သို့သော်ခန့်ညား၊ စည်းဝိုင်းတားလျှက်၊
နေငြားသော်လည်း၊ လူ့ရွာထဲဝယ်၊
စည်းကွဲချိုးဖောက်၊ တိုးဝင်နှောက်ပြီး၊
ဂွေးတောက်ပင်နှယ်၊ ကပ်ပါးနွယ်၍၊
နယ်ကျော်ကြိုးရှုပ်၊ အမျိုးဖြုတ်မည့်၊
သွေးစုပ်ရန်ဆွယ်၊ အသွယ်သွယ်ကို၊
တွယ်ကပ်မှီခွဲ၊ ရှိစမြဲတည့်။

ဇွဲလုံးလပွား၊ သတိထား၍၊
တရားသစ္စာ၊ ဖြောင့်မှန်စွာဖြင့်၊
တာဝန်သယ်ပိုး၊ စောင့်ကြပ်မိုးလော့။
မျိုးနွယ်ညံ့ဖျင်း၊ သီးငုံကင်းကာ၊
လူချင်းမျိုးဖုံ၊ မျိုးမတုံးရေး၊
နှလုံးမြဲမြံ၊ သန္ဒိဋ္ဌာန်ဖြင့်၊
အားမန်ဝင့်ကာ၊ ကြူရင့်ပါအံ့၊
ကမ္ဘာအရှည်၊ မြန်မာတည်၍၊
တည်သည့်ဒို့မြေ၊ မြန်မာနေမည်၊
မိုးမြေသိမ့်သိမ့် တုန်စေသတည်း။

မြင့်ကြူခိုင်(မုံရွာ)




ကောလေး (ဘုမ္မ၀တီ) ၏ လျှာ...

ဒီလျှာဖျားမှာ... ရောဂါစုံကု...
အသက်လုဖို့... အန်တုဆေးချက်...
လေးနက်သစ္စာရှိပါသည်...

ဒီလျှာဖျားမှာ... သာယာငြိမ့်ငြိမ့်...
နားဝင်စိမ့်စိမ့်... သိမ့်သိမ့်ကြည်နူး...
ဘ၀င်မြူးမည့်... ယစ်မူးဖွယ်ရာ...
မာယာဟန်လုပ်... မဟုတ်မဟတ်...
အပုပ်အစပ်... လုပ်ဇာတ်တွေလည်း ရှိပါသည်...

ဒီလျှာဖျားမှာ... ကိုယ်ပြုခဲ့ငြား...
ကိုယ့်အမှားလည်း... မကြားရဲ၍...
စကားလည်းဆိတ်... နားလည်းပိတ်...
မျိုသိပ်ထားတာတွေလည်း ရှိပါသည်...

ကောလေး (ဘုမ္မ၀တီ)


http://www.nartha.org/videos/Because of I am a monk.avi










ရှင်ဝိစိတ္တအတွက် တေးထပ်...


မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ ကျွေးမယ်တော်ကြီး

သစ္စ၀ါဒီ ဋီကာ ကျမ်းပြု သာသနာ့မိခင်ကြီး ဒေါ်ဓမ္မစာရီ၏
မပြတ်သတိရှိနေဖို့ ကိုရင်လေး ရှင်ဝိစိတ္တအတွက် တေးထပ်

မောင်ဆန်းကြယ် တကယ်မဆန်းချင်နဲ့, အရွယ်တန်းငယ်သည်၊
တကယ်ဆန်းကြွယ်ပလီလျှင်, မဖွယ်မည်အရေး၊
မကြုံသင့် ကြုံရမည်ကို, တုန်လှသည် သည်းလှိုက်ဖိုအေး၊
မြတ်ဗုဒ္ဓသာသနာမှာ, အရာရာလိုသေး၊
ပမာဒါ ခိုမမှေးစေနဲ့, ကိုယ်ရေးကို ကိုယ်မျှော်၊
သံသရာ ဘုံဓလေ့ကိုဖြင့်, ကြုံမတွေ့ ဝေးကရှောင်နော်၊
သာကီဇာတ် တစ်ပါးအမော်ရယ်, တရားတော် အခြေမြင့်စေဖို့၊
အဆွေနှင့် ဆရာရှင်, ဆုံးမသွန်သင်၊
ပြောသမျှ သောတဆင်လျှင်, လောကတွင် မောင်တင့်ပါလိမ့်လေး။


ဒေါ်ဓမ္မစာရီ


ဒကာကြီးက သင်ပေးပါတဲ့...

ဟိုနေ့က ဒကာတစ်ယောက်...
အမောတကြီး ကျောင်းရောက်လာခဲ့တယ်...

ဒကာကပြောတယ်...
တရားကို လိုချင်လို့ လာခဲ့တယ်...
တရားဆိုတာ ဘယ်အရာ...
တပည့်တော်ကို သင်ပေးပါ...

ဒီတော့... ဘုန်းတော်ကြီးက ပြောလိုက်တယ်...
ဒကာလေးရာ...
ငါးပါးခန္ဓာ သိလားကွာ...
အရှင်ဘုရားရယ်... ဘာကိုခေါ်တယ်...
ပြောပြပါဦး... ဘုန်းဘုန်းရယ်...

ဒီတော့... ဘုန်းတော်ကြီးက ပြောလိုက်တယ်...
ဒကာလေးရာ...
ရုပ်နာမ်နှစ်ပါး သိလားကွာ...
ရှင်ဘုရားရယ်... ဘာခေါ်တယ်...
ပြောပြပါဦး... ဘုန်းဘုန်းရယ်...

ဒီတော့... ဘုန်းတော်ကြီးက ပြောလိုက်တယ်...
ဒကာလေးရာ...
လေးပါးသစ္စာ သိလားကွာ...
တပည့်တော်မှာ ပြောစရာ ခက်လို့နေတာပါ...

အရှင်ဘုရားရယ်...
မှန်တာတွေပဲ လျှောက်တော့မယ်...
သည်တစ်ပတ်မှာ ထိုးစရာ...
မျက်စိထဲမှာ ပေါ်လာတာ...
တပည့်တော်က တွေးမိတာ ၅-၂-၄ ကို ထိုးရမှာ...

ဒီတော့... ဘုန်းတော်ကြီးက ပြောလိုက်တယ်...
ဒကာလေးရာ... ဒုက္ခကွာ...
ဒါအတွက်ပဲ လုပ်နေတာ...
ဒို့တိုင်းပြည်မှာ လိုနေတာ...
ဒီဟာကြီးကို ဖျောက်ရမှာ...

ဒို့ရွာကြီးမှာ ပျက်စီးတာ အဲဒါကြီးကြောင့်ပါ...
စာကြည့်တိုက်လည်း မရှိပါ...
စာသင်ကျောင်းလည်း မကောင်းတာ...
ရွာဘုန်းကြီးလည်း မကောင်းပါ...

ဒီတော့... ဘုန်းတော်ကြီးက ပြောလိုက်မယ်...
ခန္ဓာ့သစ္စာ သိအောင်သာ...
ကြိုးစားလိုက်ပါ ဒကာရာ...
ဓမ္မသစ္စာ သိအောင်သာ...
ကြိုးစားလိုက်ပါ တပည့်ရာ...

((မေးတော့တရား လိုချင်တာ နံပါတ်))

ဦးလောကနာထ

စိန်ခေါ်သံ...

အပူများတဲ့
လူသားတွေကို...
ဒုက္ခအလွှာ ကွာအောင်လို့...
ဗုဒ္ဓဘာသာကိုမှ...
ရှေးလူတွေက အရေးတယူ
ရွေးချယ်ခဲ့ကြတယ်...။

ခုတော့ဗျာ
ဝါးလုံး ရှည်ရှည်နဲ့
"ဘုရား တစ်ကျပ်၊ နတ်တစ်ရာ" တဲ့...
ရှက်စရာ ပုံပမာ စကာရိုင်းနဲ့...
အနှိုင်းခံလိုက်ရပေါ့.../

ဒီတော့ဗျာ
ငါး,ဆင်,ဟင်းနဲ့ အမဲသား...
ကွဲပြားသွားအောင်...
ရတနာသုံးပါးကို အပြတ်ယုံရင်...
မှတ်ပုံတင်မှာ...
ဗုဒ္ဓဘာသာလို့ ရေးသွင်းကြ...။

နတ်ယုံရင်လဲ
မှတ်ပုံတင်မှာ...
နတ်ဘာသာလို့ ရေးထိုးကြ...။

ဖျာပုံတင်ဝင်းနိုင်...


အမှားကြီး


မှားမှန်ကို မြင်ကာသိ ပညာရှိ မှတ်ပါ။
ဆရာရှင် အယူမြင့် ရှိသင့် သေချာ။
သို့ဖြစ်၍ အရာရာ ဆင်ခြင်ကာ စဉ်းစား။
ဆရာကောင်း ကောင်းသလိုပ
မကောင်းလျှင် အပါယ်တွင်း ဆင်းလိမ့်တကား။

ကုန်ရှုံးလျှင် တစ်ခါလောက်
နောက်တစ်ခေါက် မြတ်နိုင်။
လင်ရှုံးသူ မယားတွက် ဆုံး တစ်သက်မှိုင်။

ဆရာရှင် အယူမှားလျှင်ဖြင့်
လူအားလုံး အပါယ်ယိုင် ကယ်နိုင်ဖို့ဝေး။
အယူ မတိမ်းစေဖို့
မူကိန်းကို အမှန်ညှိလို့ရယ်
သိသင့်တယ်လေး။

အောင်မြေသာစည်ဆရာတော်

***

ငါသည် ဆွမ်း လေးငါးလုတ်
ဝါးမျိုနေချိန်အတွင်း
အသက်ရှင်ပါမူ ကောင်းလေစွ
မြတ်စွာဘုရား၏ အဆုံးအမတော်ကို
နှလုံးသွင်းချိန် ရလေရာ၏
မရဏဿတိကို ပွါးများရာ၏။

ဤသို့ နှလုံးသွင်းသော ရဟန်းကိုတောင်
မြတ်ဗုဒ္ဓက မေ့လျော့စွာ နေသောရဟန်း
အာသဝေါတရား ကုန်ခန်းရန်
နုံ့နှေးစွာ မရဏဿတိကို ပွါးများနေသူတဲ့။

ကျွန်ုပ်ကို ဆိုလျှင်ကား

မည်မျှ အပြစ်တင်မည်မသိပြီ...

ငါသည် ဆွမ်း လေးငါးလုတ်
ဝါးမျိုနေချိန်အတွင်း
အသက်ရှင်ပါမူ ကောင်းလေစွ
မြတ်စွာဘုရား၏ အဆုံးအမတော်ကို
နှလုံးသွင်းချိန် ရလေရာ၏
မရဏဿတိကို ပွါးများရာ၏။

ဤသို့ နှလုံးသွင်းသော ရဟန်းကိုတောင်
မြတ်ဗုဒ္ဓက မေ့လျော့စွာ နေသောရဟန်း
အာသဝေါတရား ကုန်ခန်းရန်
နုံ့နှေးစွာ မရဏဿတိကို ပွါးများနေသူတဲ့။

ကျွန်ုပ်ကို ဆိုလျှင်ကား
မည်မျှ အပြစ်တင်မည်မသိပြီ...

ရော့အင့်ယူကွာ မပေးပါ...


ဘေးရန်ဆီးကာ ပေးနိုင်တာ...
မြတ်ဗုဒ္ဓရဲ့ ဓမ္မပါ...
ဘယ်လိုနည်းနဲ့ ကာပေးမှာ...
ရော့အင့်ယူကွာ မပေးပါ...

ဖြစ်ကြောင်းနှစ်ဖြာ သင်ပေးကာ...
ဆင်းရဲတွင်းမှ လွတ်စေတာ...
ယုံကြည်လိုက်ပါ ကလေးရာ...
ဒို့တွေဒီတိုင်း နေသင့်တာ...

သံသရာမှာ နေခဲ့တာ...
မကောင်းမှုနဲ့ပါ...
ယခုဘဝမှာ ကံကောင်းလာ...
မြတ်သာသနာ ပွင့်လို့လာ...

ကံကောင်းလွန်းလို့ မြတ်ဗုဒ္ဓါ...
ဒို့အတွက်သာ ပွင့်ခဲ့တာ...
ဒို့တစ်တွေဟာ ဒီဘဝမှာ...
ကြိုးစားသင့်ပြီကွာ...

ဘုန်းတော်ကြီး


ဆွမ်းစားရင်းနဲ့ ဆင်ခြင်ကြည့်မိတယ်
ဤသည့်စားဖွယ် အမယ်မယ်ကို...
ဒါက ထုံးစံအတိုင်း ထားလိုက်တော့...

ဒီစားစရာလေးက ဇွန်းအခွက်လေးနဲ့မှ ခုပေးထားတဲ့ ဇွန်းနဲ့က အဆင်မပြေ...
ဒါကတော့ နှုတ်ခမ်းချောတဲ့ မကြီးမငယ် ဇွန်းလေးနဲ့ဆို အကိုက် ခုတော့...
ဒီဟာကို ချွန်နေတဲ့ ခက်ရင်းလေးနဲ့ဆို အတော်ဖြစ်မှာ...
ဒါလေးတွေက ခက်ရင်းတုံးတုံးလေးနဲ့မှပေါ့...
ကော်ဖီ မဲမဲကြီးကိုလည်း ဟိုလိုခွက်ကလေးနဲ့သာဆို...

သြော်... လာလှူပြီး ပြင်ပေးတဲ့သူကိုပဲ အပြစ်တင်ရမလား...
မသိတတ်လိုက်တာလို့...

၁... သူတစ်ပါးကို အပြစ်တင်ရင် လူညံ့တဲ့...
ဒါဆို သူတစ်ပါး အပြစ်မြင် အပြစ်တင် လွှဲချနေလို့ မတော်သေးပါဘူးလေ...
ငါ့်မှာ ရှိနေသေးတဲ့ ကိလေသာကြောင့်နေမှာပါ...

၂... သူတစ်ပါးအပြစ်မတင် ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရင် လူတော်တဲ့...
ကိုယ့်ဟာကိုပဲ အပြစ်တင်တော့မယ်လေ...
လူတော်ထဲပါအောင်တော့ လုပ်ဦးမှ...

၃... မိမိကိုယ်လည်း အပြစ်မတင် သူ့ကိုလည်း အပြစ်မမြင် ဤသူသည်ကား အတော်ဆုံးတဲ့...
ကိုယ့်အဆင့်နဲ့ မလွယ်သေးတယ် လူကြားကောင်းအောင်တော့ ပြောကြပါတယ်...
မလွယ်ပေမဲ့ ကြိုးစားရမယ်...

သင်ကော သူတစ်ပါးကို အပြစ်တင် အပြစ်ပြောနေဦးမှာလား...???

*** မိမိကိလေသာ အလိုမပြည့်၍ သူတစ်ပါးအား အပြစ်ပြောဆိုခြင်း မပြုသင့်ပေ...
အမှားထောက်ပြ၍ ပြောဆိုသည်ကို ဆုံးမသည်ဟု ယူဆပါသည်...
မိမိကြိုက်သလို အဓိပ္ပယ် ဖွင့်ဆိုကြပါကုန်...

ဘေး