ဘုန်းဘုန်းကြီး လိမ်တယ်...
ဘုန်းဘုန်းကြီး လိမ်တယ်... တဲ့...
လိမ်မိပါတယ် ကလေးရယ်... လို့... မပြောနိုင်လို့...
အမှန်ကို တင်ပြရပါတော့မယ်...
ကျွန်ုပ်ရဲ့ ဖြစ်ရပ်မှန်က ဒီလိုပါ...
ကျောင်းမှာ မိသားစုတစ်စု ရဟန်းခံ သီလရှင်လာဝတ်ကြပါတယ်... ဘာသာရေး အသိကတော့ အားနည်းပါသေးတယ်... ဒါပေမဲ့ ကောင်းမှုလုပ်ရမယ် ရဟန်းခံတယ် သီလရှင်ဝတ်တယ်ဆိုတာ ကောင်းမှုလို့ သူတို့ သိကြတယ်... ရခဲလှတဲ့ သာသနာမှာ သမီးဖြစ်သူက သီလရှင်ပေါ့... ဖခင်က ရဟန်းပြု... မိခင်ဖြစ်သူက ချက်ပြုတ် ကပ်လှူနဲ့ မိသားစုတွေ ပျော်စရာလည်းကောင်း ကြည်နူးဖွယ်လည်း ကောင်းပါတယ်...
လာဝတ်တဲ့သူတွေ အရင်းမရှုံးအောင် ဘုရားစာတွေသင်ပေး တရား(ထိုင်)ကိုကျင့်ခိုင်း တရားဟောပေးနဲ့ ရသလောက်အချိန်တွေကို အသုံးချပေးပါတယ်... ကလေးတွေပါရင် တစ်နေ့ ၅-ချိန်... လူကြီးတွေဆိုရင် ၈-ချိန် အချိန်ဇယားနဲ့ နေရပါတယ်... အပျော်... ယတြာချေတာမျိုး လက်မခံပါဘူး... ပြဿနာလေးကတော့ ဆွမ်းစားချိန်မှာ စပါတယ်... သီလရှင်ကလေးက ဘုန်းကြီးတို့နဲ့ အတူစားမယ်တဲ့... ဒုက္ခ... ဒီတော့သီလရှင်ကို နားလည်အောင်ပြောပြရတာပေါ့... ဘုန်းကြီးတို့ ရဟန်းတော်တွေမှာ စည်းကမ်းရယ်လို့ ၀ိနည်း ၂၂၇-မျိုးကို ဘုရားကသတ်မှတ်ထားတယ်... သီလရှင်လေးက သီလ ၈-ပါး မေတ္တာပို့တာလေးထဲ့မှ ၉-ပါးရယ် ဒီတော့မတူဘူး... (ကြားဖြတ်တောင်းပန်ပါတယ်... သီလရှင် သီလ အလွန်ဆုံးမှ ၁၀-ပါးသီလနော် မသိသူများ ဟိုဟာပေါင်း ဒီဟာပေါင်းနဲ့ လျှောက်မလုပ်ကြပါနဲ့... တော်ကြာ လျှောက်ပေါင်းနေရင် ကုဋေကိုးထောင် ကျော်သွားဦးမယ်) နောက်တစ်ခုက ဘုန်းကြီးတို့ ၀ိနည်း စူဠ၀ါပါဠိတော်ထဲမှာ ဆဗ္ဗဂ္ဂီရဟန်းဆိုးတွေကြောင့် ရဟန်းတော်များ မလုပ်ရမှာတွေ အများကြီး ပြထားပါတယ်... ဒါကြောင့် ဆရာလေးက တစ်ဝိုင်းမှာ ဆွမ်းဘုဉ်းပါဆိုတော့... မှန်ပါ့ဘုရား မသိလို့ပါတဲ့... သီလရှင်ကလေးက လိမ်မာတယ်... မသိတော့ ပူစာတယ် သိသွားတော့ ပြင်တယ်... အမှားကိုပြင်တာ သူတော်ကောင်းလို့ ခေါ်ပါတယ် ဆရာလေးရယ်... ဆိုပြီးနောက်တော့... သူတို့မိသားစုအတွက် တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချသွားကြပါတယ်... (၀ိနည်း စူဠ၀ါ ဂါထာ ၂၉၀-၂၉၄)
လွန်ခဲ့သော ဇာတ်လမ်းဟောင်းကတော့ ဒီမှာ ပြီးသွားပါပြီ....
သူတို့မိသားစု လူပြန်ထွက်သွားပြီးနောက် ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့... တစ်နေ့မှာတော့ ဆရာလေးလူထွက်က ပြောပါလေရော... ဘုန်းဘုန်းကြီး လိမ်တယ် ဘုန်းဘုန်းကြီး လိမ်တယ်တဲ့... စကားက မြန်မာလို သိပ်မပီတော့ သူပြောတာလေးက ရယ်စရာလေးပါ... ဒါပေမဲ့ ကျွန်ုပ်မှာတော့ မရယ်နိုင်...
ဘာလို့ပါလဲ ပြောပြပါ ဆိုတော့မှ...
တပည့်တော်တို့ကို အရှင်ဘုရားက ရဟန်းဆိုတာ လူတွေ ကိုရင်တွေ သီလရှင်တွေနဲ့ ဆွမ်းအတူတူ မစားရဘူးပြောထားတယ်... ဒီမှာ နာမည်ကြီး ဆူနာမီ ဆရာတော်ဘုရားကြီးက သီလရှင်သုံးပါးနဲ့ ဆွမ်းအတူစားနေကြတယ်... ဒီလို နာမည်ကြီး ဆရာတော်ကတောင် စားလို့ရလို့ စားနေတာ... ဘုရားကခွင့်ပြုလို့ပေါ့တဲ့... ဒါ့ကြောင့် ဘုန်းဘုန်းကြီး လိမ်တယ်ပြောတာပါတဲ့...
သွားပြီ အရှင်ဘုရား ရေ...
ဘုရားတရားတော်အတိုင်း အမှန်တရားပြောပြသူများကို လိမ်တယ်ထင်သွားပါပြီ...
လူ သာမဏေ သီလရှင်တို့နဲ့အတူ စားသောက်နေခြင်းဟာ အာပတ်အရ ဒုက္ကဋ်= လူအများကဲ့ရဲ့ဖွယ်ရာ... ပါစိတ်= ကုသိုလ်မှ လျောကျစေသောအပြစ်... ဒါပါပဲ ဒီအာပတ်တွေကို... အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ... အစချီလို့... ကုစားလိုက်ရင် အပြစ်မရှိတော့ပြန်ပါဘူး... ဒါပေမဲ့... အသိအမြင် အားနည်းနေသူများဟာ အရှင်ဘုရား လုပ်ရပ် တစ်ခုကြောင့် ရဟန်းကောင်းတွေ ဘုရားတရားတော်အတိုင်း ပြောဆိုဆုံးမမှုတွေကို မှားတယ်လို့ ထင်သွားကြပါပြီ... တပည့်တော် ဒါလေးကိုပြောလိုတာပါ... သူတို့လေးတွေ အရှင်ရဲ့ လုပ်ရပ် အမှားကို အမှန်ထင်သွားကြပါပြီ...
အရှင်ဘုရားက သီလရှင်နဲ့အတူ ဘုဉ်းတယ်...
တပည့်တော်က မစားရဘူးလို့ ဆုံးမထားတယ်...
ကလေးရဲ့အသိမှာ ဆန့်ကျင်ဘက်နှစ်မျိုးဖြစ်သွားပါပြီ...
အသိနှစ်မျိုးမှာ အရှင်ဘုရားက နာမည်ကြီးတော့ သူက အရှင်လုပ်နေတာကို မှန်တယ်လို့ ထင်သွားပါတယ်... အတော်ရှင်းယူရပါတယ်... ခုတော့ သူအမြင် မှန်သွားပါပြီ...
ကလေးတွေက ဘုရားတရားတော်ဟာ ရဟန်းနဲ့သီလရှင် အတူစားလို့ရတယ်လို့ ထင်သွားပြီ... အမှန်တရား ပြောပြနေသူများကို မှားတယ်လို့ ထင်သွားခြင်းဟာ သာသနာအတွက် ဆုံးရှုံးခြင်းပါ... အရှင်ဘုရားအတွက်လည်း အဆိုးဆုံးပါပဲ... ဒီကိစ္စ ဒီအပြုအမူတွေဟာ နွံထဲကို စွဲချတော့မယ်... ဒီလို အမှားကို အမှန်ထင်သွားကြတဲ့ မိသားစုတွေ ဘယ်လောက်များနေပြီလဲ မပြောတတ်တော့ပါဘူး ဘုရား...
သည်ကိစ္စမျိုးတွေကြောင့် ရွှေအစစ်ကို အတုဖုံးသလို...
အတုဖုံးတော့ အစစ်ကွယ်မယ်...
သူတော်ကောင်းတွေ တောမြိုင်ယံကို ပြေးကြလိမ့်မယ်...
နစ်နေသူအတွက် ရုန်းရ ခက်လှပါတယ်...
ရုန်းလေ နစ်လေ ဖြစ်တတ်တာ သူ့သဘာဝပါ...
ကယ်ဆယ်မဲ့သူက ဆွဲစရာလေးပေးမှ...
နင်းစရာ အမာခံလေးတွေ ချပေးလိုက်မှ...
နစ်နေသူဟာ ဆွဲလို့ နင်းလို့ တက်လာနိုင်ကြပါတယ်...
တက်လာခဲ့ပါ ငါ့ရှင်...
၂၂၇-သွယ် ကနေ ၈-ပါးထံ မဆင်းပဲ ပြန်တက်ခဲ့ပါ ဘုရား...
နှာခေါင်းပေါ်နေသ၍ အသက်မသေသေးပါ...
အချိန်တွေ အများကြီး မှီပါသေးတယ်...
ကယ်သလိုနဲ့ လုပ်တဲ့ လုပ်ငန်းစဉ်တွေကလည်း ထိုးချသလို ရှိတတ်ပါတယ် သတိတရား လက်ကိုင်ထားပါ အရှင်...
တရားအမှန် ဖေါ်ထုတ်နေတဲ့ လူငယ်တွေဟာ အရှင်ဘုရားရဲ့ ရန်ဘက်ဟောင်းတွေ မဟုတ်ဖူးလို့ ထင်မိပါတယ်...
ဘုရားတပည့်တော်ဆိုရင်လည်း အရှင်ဘုရားနဲ့ မတွေ့ဘူး မမြင်ဘူးပါ ဘုရား...
ငြှိုးသူရန်ဘက်တွေလည်း မဟုတ်ကြပါ ဘုရား...
သာသနာအတွက် အများအတွက် အမြင်မှန်စေချင်လို့သာ ရေးနေရတာပါ...
သီလရှင် ဆရာလေးတွေက အမြဲဝတ်သီလရှင်တွေဆိုရင် ဒါတွေကို သိထားသင့်ပါတယ် မပြုမူသင့်ပါဘူး... ဆွမ်းတစ်လုပ်ဟာ ၃-နာရီစာပဲ ခံပါတယ်... ရတနာသုံးပါးအပေါ် ဖြစ်လိုက်တဲ့ အဂါရ၀ အမှုကတော့ ကြောက်စရာ ကောင်းပါလိမ့်မယ်... သတိတရားလက်ကိုင်ထားလို့ ဆရာတော်မှားရင်တောင် ကိုယ်မမှားဖို့ ဆင်ခြင်ကြပါ... ကိုယ်ပြုသည့်ကံ ကိုယ်သာခံကြရမှာပါ... မြင်ရတာက အမြင်မတော် ဆင်တော်နဲ့ခလောက်ပါပဲ... ဗန်းမော်ဆရာတော် စာချိုးထဲကလို မဖြစ်ကြစေနဲ့... ယာယီဝတ်သူတွေဆိုရင်လည်း မှတ်ထားပါ... ဆံတစ်ထုံး အဆုံးခံပြီး အပါယ်ကို မဂိုးပါနဲ့... ဘေးကနေပြီး သာသနာဆိုတာကို သိအောင်လုပ်ပြီး စောင့်ရှောက်ကြပါ...
သာသနာကို စောင့်ရှောက်နေတဲ့ သီလရှင်အားလုံးကို သာဓုခေါ်ပါတယ်...
ဆွမ်းအလှူရှင်ကိုတော့ ဘယ်ကမှန်း ဘယ်သူမှန်းတော့ မသိပါ... အားနာမိပါတယ်... သာသနာ့အရေး ကြုံလာလို့သာ တင်ပြရတာပါ... ဒါကြောင့် ဆွမ်းလှူနေချိန်မှာ ပီတိလေးနဲ့ ပြုံးရွှင်နေတဲ့ မျက်နှာလေး ဖုံးထားလိုက်ပါတယ်... မသိလို့ ပြုမိမှားကြတာ များပါတယ်... အပြစ်ရယ်လို့ မဆိုချင်တော့ပါ... သိအောင်တော့ ကြိုးစားကြပါ... အမှန်သိတော့ အမှားတွေ စင်ပါတယ်... တရားထူးဆိုတာ အမှန်သိလို့ အမှားစင်ခြင်းပါပဲ... အမှားစင်တော့ အမှားကြောင့် ဖြစ်ပေါ်လာမဲ့ အကျိုးဆက်တွေ ငြိမ်းပါတယ်... ငြိမ်းကြပါစေ...
ကိုယ်စီကိုယ်ငှ အပ္ပမာဒတရား လက်ကိုင်ထားလို့
သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ....
ဦးလောကနာထ
၃.၇.၂၀၁၀

တပည့်တော် တွေးမိလိုက်တာတစ်ခုကတော့
နာမည်ကြီးတွေမှားရင် ပိုကြောက်ရပါလားလို့ တွေးမိပါတယ်
နောက်လိုက်နောက်ပါ အင်အားကောင်းကောင်းနဲ့
သံသရာ အမှားကြောင်းကြီးထဲကို စွဲခေါ်နေပြီ...
ကလေးတွေက ဘုရားတရားတော်ဟာ ရဟန်းနဲ့သီလရှင် အတူစားလို့ရတယ်လို့ ထင်သွားပြီ... အမှန်တရား ပြောပြနေသူများကို မှားတယ်လို့ ထင်သွားခြင်းဟာ သာသနာအတွက် ဆုံးရှုံးခြင်းပါ... အရှင်ဘုရားအတွက်လည်း အဆိုးဆုံးပါပဲ... ဒီကိစ္စ ဒီအပြုအမူတွေဟာ နွံထဲကို စွဲချတော့မယ်... ဒီလို အမှားကို အမှန်ထင်သွားကြတဲ့ မိသားစုတွေ ဘယ်လောက်များနေပြီလဲ မပြောတတ်တော့ပါဘူး ဘုရား...
သည်ကိစ္စမျိုးတွေကြောင့် ရွှေအစစ်ကို အတုဖုံးသလို...
အတုဖုံးတော့ အစစ်ကွယ်မယ်...
သူတော်ကောင်းတွေ တောမြိုင်ယံကို ပြေးကြလိမ့်မယ်...
နွံ
နွံဆိုတာ နစ်နေသူအတွက် ရုန်းရ ခက်လှပါတယ်...
ရုန်းလေ နစ်လေ ဖြစ်တတ်တာ သူ့သဘာဝပါ...
ကယ်ဆယ်မဲ့သူက ဆွဲစရာလေးပေးမှ...
နင်းစရာ အမာခံလေးတွေ ချပေးလိုက်မှ...
နစ်နေသူဟာ ဆွဲလို့ နင်းလို့ တက်လာနိုင်ကြပါတယ်...
တက်လာခဲ့ပါ ငါ့ရှင်...
၂၂၇-သွယ် ကနေ ၈-ပါးထံ မဆင်းပဲ ပြန်တက်ခဲ့ပါ ဘုရား...
နှာခေါင်းပေါ်နေသ၍ အသက်မသေသေးပါ...
အချိန်တွေ အများကြီး မှီပါသေးတယ်...
ကယ်သလိုနဲ့ လုပ်တဲ့ လုပ်ငန်းစဉ်တွေကလည်း ထိုးချသလို ရှိတတ်ပါတယ် သတိတရား လက်ကိုင်ထားပါ အရှင်...
တရားအမှန် ဖေါ်ထုတ်နေတဲ့ လူငယ်တွေဟာ အရှင်ဘုရားရဲ့ ရန်ဘက်ဟောင်းတွေ မဟုတ်ဖူးလို့ ထင်မိပါတယ်...
ဘုရားတပည့်တော်ဆိုရင်လည်း အရှင်ဘုရားနဲ့ မတွေ့ဘူး မမြင်ဘူးပါ ဘုရား...
ငြှိုးသူရန်ဘက်တွေလည်း မဟုတ်ကြပါ ဘုရား...
သာသနာအတွက် အများအတွက် အမြင်မှန်စေချင်လို့သာ ရေးနေရတာပါ...
သီလရှင် ဆရာလေးတွေက အမြဲဝတ်သီလရှင်တွေဆိုရင် ဒါတွေကို သိထားသင့်ပါတယ် မပြုမူသင့်ပါဘူး... ဆွမ်းတစ်လုပ်ဟာ ၃-နာရီစာပဲ ခံပါတယ်... ရတနာသုံးပါးအပေါ် ဖြစ်လိုက်တဲ့ အဂါရ၀ အမှုကတော့ ကြောက်စရာ ကောင်းပါလိမ့်မယ်... သတိတရားလက်ကိုင်ထားလို့ ဆရာတော်မှားရင်တောင် ကိုယ်မမှားဖို့ ဆင်ခြင်ကြပါ... ကိုယ်ပြုသည့်ကံ ကိုယ်သာခံကြရမှာပါ... မြင်ရတာက အမြင်မတော် ဆင်တော်နဲ့ခလောက်ပါပဲ... ဗန်းမော်ဆရာတော် စာချိုးထဲကလို မဖြစ်ကြစေနဲ့... ယာယီဝတ်သူတွေဆိုရင်လည်း မှတ်ထားပါ... ဆံတစ်ထုံး အဆုံးခံပြီး အပါယ်ကို မဂိုးပါနဲ့... ဘေးကနေပြီး သာသနာဆိုတာကို သိအောင်လုပ်ပြီး စောင့်ရှောက်ကြပါ...
သာသနာကို စောင့်ရှောက်နေတဲ့ သီလရှင်အားလုံးကို သာဓုခေါ်ပါတယ်...
ဆွမ်းအလှူရှင်ကိုတော့ ဘယ်ကမှန်း ဘယ်သူမှန်းတော့ မသိပါ... အားနာမိပါတယ်... သာသနာ့အရေး ကြုံလာလို့သာ တင်ပြရတာပါ... ဒါကြောင့် ဆွမ်းလှူနေချိန်မှာ ပီတိလေးနဲ့ ပြုံးရွှင်နေတဲ့ မျက်နှာလေး ဖုံးထားလိုက်ပါတယ်... မသိလို့ ပြုမိမှားကြတာ များပါတယ်... အပြစ်ရယ်လို့ မဆိုချင်တော့ပါ... သိအောင်တော့ ကြိုးစားကြပါ... အမှန်သိတော့ အမှားတွေ စင်ပါတယ်... တရားထူးဆိုတာ အမှန်သိလို့ အမှားစင်ခြင်းပါပဲ... အမှားစင်တော့ အမှားကြောင့် ဖြစ်ပေါ်လာမဲ့ အကျိုးဆက်တွေ ငြိမ်းပါတယ်... ငြိမ်းကြပါစေ...
ဆူနာမီဆရာတော် ဓါတ်ပုံနဲ့ပါတ်သက်၍ ဓါတ်ပုံအတုဖြစ်ခဲ့သော်
ဘုရားတပည့်တော် ပြောဆိုမှုများကို ပြန်လည် ရုပ်သိမ်းပါတယ်ဘုရား
သူတို့ ငါးဦးသားကတော့ အမှန်သိကြပါလိမ့်မယ်
ပညာရှင်များမှလည်း ဓါတ်ပုံကို စစ်ဆေးနိုင်ပါတယ်

.jpg)