Friday, April 30, 2010

အတုများသို့.......

ကိံဒဒသုတ်... ကဗျာ

ကိံဒဒသုတ်
(ပါ-၂၉+မြန်-၂၉)

နတ်သားမေးငြား မြတ်ဘုရား ဖြေကြားပါတော့ တာ။
အဘယ်အရာ ပေးလှူတာ လှူတာအဆင်းတည်း။
ဆွမ်းစားစရာ ပေးလှူတာ လှူတာခွန်အားတည်း။
အဘယ်အရာ ပေးလှူတာ လှူတာအဆင်းနည်း။
အဝတ်ကိုသာ ပေးလှူတာ လှူတာအဆင်းတည်း။

အဘယ်အရာ ပေးလှူတာ လှူတာချမ်းသာနည်း။
ယဉ်စအရာ ပေးလှူတာ လှူတာချမ်းသာတည်း။
အဘယ်အရာ ပေးလှူတာ လှူတာမျက်စိနည်း။
ဆီမီးစကာ ပေးလှူတာ လှူတာမျက်စိတည်း။

အဘယ်အရာ ပေးလှူတာ လှူတာလုံးစုံနည်း။
ကျောင်းတော်ကိုသာ ပေးလှူတာ လှူတာလုံးစုံတည်း။
နတ်မမေးငြား ဖြေစကား ဘုရားဟောပြပါ။
တရားဟောပြ ရေးသားက လှူပအမြိုက်နိဗ္ဗာန်တည်း။

(ဌ-၇၈) အဌကထာလာ ယာဉ်လှူတာ မှတ်ပါဤသို့ပါ။
ဆင်ယာဉ်သည်ကား ရဟန်းများ အပ်ငြားမရှိပါ။
မြင်းယာဉ်သည်ကား ရဟန်းများ အပ်ငြားမရှိပါ။
ရထားယာဉ်ကား ရဟန်းများ အပ်ငြားမရှိပါ။

ဘိနပ်ယာဉ်ကား ရဟန်းများ အပ်ငြားပါတော့တာ။
ကျောင်းတော်အလှူ လုံးစုံဟူ ဆိုမူဤကြောင့်ပါ။
ဗုဒ္ဓဟောကြား မြတ်တရား စုထားတင်ပြပါ။
တိသရဏ ငါးသီလ မဲချစာရေးတံ။

ဆယ့်ငါးရက်ဆွမ်း ဝါသင်္ကန်း လှူဒါန်းသောက်ရေကန်။
ကျောင်းလှူတဝ နိဗဒ္ဓ ပုညရှိသူမှန်။
သောတာလိုပဲ ဂတိမြဲ သူလဲပါယ်မပြန်။
တိဏကုဋိဒါယကာ ထေရာပါဒါန် ဖွဲ့ဆိုဟန် မှတ်ရန်ကျောင်းလှူကျိုး။

သုံးတန်စေတနာ ညီညွတ်စွာဖြင့် မဟာသာသနိက ဝိဟာရကျောင်း
တန်ဆောင်းအလှူ ဆောက်လှူသူတို့ ကြီးထူကဲဝှန် ကျိုးရဟန်ဝကို
ကျမ်းဂန်ထောက်ချင့် နိဒါန်းဖွင့်သော်-
အလှူဒါန ပြုကြသောခါ မစ္ဆေရနှင့် လောဘတဏှာ။
ရန်သူအလား မခြားတူစွာ နိုင်အောင်သတ် အကပ်မခံရာ။
ပုဗ္ဗမုဉ္စပရစေတနာ သုံးတန်ညီမျှ မုတ္တစာဂါ။
သံသရာဘေး လွန်ရေးမျှော်ကာ ပေးလှူပြု ရောက်မှုနိဗ္ဗာန်ပါ။

ကျောင်းလှူအကျိုး-
၁။ နတ်နှင့်လူဝယ် သန္ဓေတည်၍
၂။ စိတ်ဝယ်တောင့်တ ဆောက်အုံရ၏
၃။ မထကြက်သီး ကိုယ်လည်းမလှုပ် ကျောက်ရုပ်မထင် ထိတ်လန့်စင်၏။
၎။ ခြင်္သေ့သစ်ကျား သားရဲများနှင့် ဖမ်းစားကလူ နှိပ်စက်မူသား တောသူဖုတ်ပြိတ် အဆိပ်ထန်ပြင်း မြွေကင်းကစ မတွေ့ရဘဲ အဆင်းဖောက်ပြန် ကုမ္ဘဏ်ရက္ခိုက် နတ်မိုက်ရန်ပေါင်း ဘေးလွတ် ရှောင်း၏။
၅။ မကောင်းအိပ်မက် မမြင်မက်ဘူး
၆။ ထင်လျက်သတိ ခိုင်မြဲညီနှင့်ဝိပရိနံ ဖောက်ပြန်စိတ်ရင်း ရူးသွပ်ခြင်းမှ ရှင်းရှင်းလွတ်ရှောင်း ကျိုးဆက်ကောင်း၏။
၇။ နောက်နောင်ဘဝ ပစ္ဆိဝယ် ဂုဏကဲပို အရဟတ္တဖိုလ်ဟု ထိုထိုကျေးဇူး လွန်ပြန့်ပြူးသည် ဆောက်ဦးလှူကျိုး ခုနှစ်တည်း။

ဒါနဟူသည် ဘဝထွေထွေ ဖြစ်ရချေသော် စိတ်စေတိုင်းမြောက်
ခရီးရောက်အောင် ပံ့ထောက်ဆောင်ရွက်ပါပေသတည်း။
အေးပူနှစ်ပါး သားရဲများ ပယ်ရှားနိုင်လေသည်။
မြွေကင်းခြင်မှက် လွန်နှိပ်စက် ပယ်ဖျက်နိုင်ပေသည်။

မိုး-မိုး-မိုး-ရေ ဆီးနှင်းလေ မသွေပယ်ဖျောက်သည်။
အလွန်ပြင်းထံ လေနေဒဏ် ဧကန်ပယ်ဖျက်သည်။
ကိန်းအောင်းနေရန် ချမ်းသာမှန် အမှန်ဖြစ်ပေသည်။
ဈာန်ဝင်စားရန် ရှုပွားရန် ဧကန်ဖြစ်ပေသည်။

နေ့ညမခြား ကောင်းမှုပွား တိုးများနေလေသည်။
ဂတိမြဲတယ် သော်တာနှယ် အပါယ်ဘေးကင်းသည်။
ကျောင်းလှူဒါန မြတ်ဆုပ ဗုဒ္ဓချီးကျူးသည်။
ကျောင်းလှူသူဟာ လုံးစုံသာ လှူရာရောက်ပေသည်။

ဝေးရပ်နေရာ ချမ်းသာစွာ ပြန်လာဆွေမျိုးကို။
မိတ်ဆွေရင်းချာဝမ်းသာစွာ ပျူငှာလက်ကမ်းကြို။
ထိုနည်းတူပင် ကောင်းမှုရှင် သွားလျှင်ပုံထိုထို။
အကျိုးပေးရန် ကောင်းမှုကံ လက္ခံအသင့်ကြို။

ကိုယ်ပြုသမျှကောင်းမှုက စံရကိုယ်သာဖြစ်ဦးမှာ။
ကိုယ်ပြုသမျှ မကောင်းက ခံရကိုယ်သာဖြစ်ဦးမှာ။
ခံစံနှစ်ပါး သတိထား အမှားနည်းကာ အမှားဝေးကွာ ချမ်းသာမှာ။
လူနတ်နိဗ္ဗာန် ချမ်းသာမှန် ရရန်ကုသိုလ်ပါ။

အလှူထည်းမှာ တရားဟာ လှူကကောင်းဆုံးပဲ။
ရသာထည်းမှာ တရားဟာ ရသာကောင်းဆုံးပဲ။
မွေ့လျော်ဖွယ်မှာ တရားဟာ ပျော်တာကောင်းဆုံးပဲ။
တဏှာကင်းလာ ပုဂ္ဂိုလ်ဟာ အောင်ပါဆင်းရဲပဲ။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

Thursday, April 29, 2010

အစုနှင့်အမှု... (တက္ကသိုလ် သောတုဇန)

အစုနှင့်အမှု... တက္ကသိုလ် သောတုဇန (မဟာဓမ္မာစရိယ)



ဂေါ့အရှင်၏ ပညတ်တော်... ဗုဒ္ဓနိုင်ငံတော် စာ-၂၆-၃၈ (အရှင်သံဝရာဘိဝံသ)

ပရိယတ္တိသာသနဟိတဓမ္မာစရိယ
ရွှေကျင်နာယက ဆရာတော်
အရှင်သံဝရာဘိဝံသ ရေးသားတော်မူသော

ဂေါ့အရှင်၏ ပညတ်တော်... ဗုဒ္ဓနိုင်ငံတော် စာ-၂၆-၃၈














Wednesday, April 28, 2010

ဝိစိတ္တသာရာဘိဝံသ ၀ိနိစ္ဆယ စောဒနာ သောဓနာ အမှတ် ၄ ...

ဝိစိတ္တသာရာဘိဝံသ ၀ိနိစ္ဆယ စောဒနာ သောဓနာ အမှတ် ၄ ...










ဗုဒ္ဓနိုင်ငံတော် စာ-၁၃-၂၅ (အရှင်သံဝရာဘိဝံသ)

ပရိယတ္တိသာသနဟိတဓမ္မာစရိယ
ရွှေကျင်နာယက ဆရာတော်
အရှင်သံဝရာဘိဝံသ ရေးသားတော်မူသော

ဗုဒ္ဓနိုင်ငံတော် စာ-၁၃-၂၅













အာဒိတ္တသုတ်... ကဗျာ

အာဒိတ္တသုတ်
(ပါ-၂၈+မြန်-၂၈)

နတ်သားတစ်ပါး လျှောက်ကာထား မှတ်သားစကားပါ။
အိမ်ကြီးတစ်ဆောင် မီးတွေလောင် ထုတ်ဆောင်ပစ္စည်းပါ။
ထုတ်ဆောင်ယူထား ပစ္စည်းအား ပိုင်းခြားအိမ်ရှင်ပါ။
လောဘကြီးလေ အိုနာသေ မြဲပေလောင်နေပါ။

ပေးလှူဒါန ထုတ်ဆောင်က ကောင်းပထုတ်ဆောင်ပါ။
ပေးလှူတာဟာ ချမ်းသာတာ မှန်စွာကောင်းကျိုးပါ။
မပေးလှူသော် ရန်သူဆော် အပျော်ကင်းကွာမှာ။
ပညာရှိမှာ သုံးလှူကာ ထက်ရွာရောက်ကြပါ။


အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

Tuesday, April 27, 2010

ရဟန်းဖြစ်၏ မဖြစ်၏... (မစိုးရိမ်စာသင်သား)

ယတြာနှင့် အကြားအမြင်စာအုပ်မှ... ရဟန်းဖြစ်၏ မဖြစ်၏... (မစိုးရိမ်စာသင်သား)











သိမ် သီမာ