ဓမ္မပဒဝတ္ထု (မာဏဝ) ဂါထာ- ၄၀-၄၁...
၄၀... ရဟန်းငါးရာ မေတ္တသုတ်ရွတ်သူများ...
၄၀။ ကုမ္ဘူပမံ ကာယမိမံ ၀ိဒိတွာ၊ နဂရူပမံ စိတ္တမိဒံ ဌပေတွာ။
ယောဓေထ မာရံ ပညာဝုဓေန၊ ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။
၄၀။ ဤ(သုံးဆယ့်နှစ်ကောဋ္ဌာသ) ခန္ဓာကိုယ်ကို အိုးနှင့်တူ၏ဟုသိ၍ ဤစိတ်ကို မြို့နှင့်တူ၏ဟု ဉာဏ်၌သက်ဝင် စေလျက် ပညာလက်နက်ဖြင့် ကိလေသာမာရ်ကို တိုက်ခိုက်ရာ၏၊ (တိုက်ခိုက်၍) အောင်သော တရားကိုလည်း ကပ်ငြိတွယ်တာခြင်းမရှိဘဲ စောင့်ရှောက်ထားရာ၏။
၄၁... အရှင်တဿ - ကိုယ်ပုပ်သူ...
၄၁။ အစိရံ ၀တယံ ကာယော၊ ပထ၀ိံ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတ၀ိညာဏော၊ နိရတ္ထံဝ ကလိင်္ဂရံ။
၄၁။ ဤခန္ဓာကိုယ်သည် ၀ိညာဉ်ကင်းခဲ့သော် အသုံးမကျသော ထင်းတုံးကဲ့သို့ စွန့်ပစ်အပ်သည် ဖြစ်၍ မကြာမှီသာလျှင် မြေပေါ်၌ အိပ်ရလိမ့်တကား။
No comments:
Post a Comment