အမှားတွေက အဖုံဖုံ...
သူ(ကျုပ်)တို့သွားလို့ နေကြပုံ...
ရောက်ကြမယ်တဲ့ အကုန်...
အပါယ်ရယ်တဲ့ လေးဘုံ...
lknt
မသိတာက စ၍ကြုံ...
သိအောင်လည်း မလုပ်ကြကုန်...
လမ်းမှန်လျှောက်ဖို့ တိုက်တွန်းရုံ...
အကျွန်ုပ်ပေးတဲ့ အကြံအကုန်...
pnth
နည်းတွေက အတော်စုံ
အားလုံးကတော့ အမှန်ထင်ရပုံ
ကိုယ့်အချင်းချင်း စွပ်စွဲသုန်မှုန်
တရားရှင်များ သတိမူပါကုန်...
VMT
ကြိုးပမ်းပါရဲ့ နည်းအကုန်
သီလရယ်မှ မလုံတော့
တစ်လှမ်းခုန်က နှစ်လှမ်းဆုတ်တယ်
ရောင်နီမသန်း။
AHTY
ဝိနည်းတော် လိုက်နာစေလို
မှာလိုက်ချင်ရဲ့ စေတနာကို
သိရင်လေ ပြုပြင်ကြစို့
အမှားတွေကို စွန့်ပါကုန်…
AO
ဖြစ်ကြောင်းရယ်အလီလီ၊ စုံစီကာဆိုစမ်းတော့
မိုက်ကန်းပေါ့လုပ်ပုံ၊ ပိဋကတ်သုံးပုံ ဗုဒ္ဓစကားအစုံကို
ပြည့်စုံတယ်မထင်၊ အကုန်ပစ်ပယ်ချင်ရင်ဖြင့်
ပါယ်လေးဘုံ ဒီခရီးမှာလ၊ နောင်အဆူဆူအကုန်လွဲဖို့၊
မြုပ်တော့မယ်လေး။
TK
လုပ်နေသမျှ ဘာမှမဟုတ်
ပယ်လိုက်ရတဲ့ ပညတ်ပါ
တကယ်ပရမတ် အထင်သက်သက်
ပြင်ဖို့တော့ ခက်...
hsns
ဆရာတွေ့ကိုယ်တွေ့ ဘယ်သင်းမှပြည့်စုံ
တွေးဆလို့ ယုံစေချင် တရားကုန်စစ်တမ်း
အမှားရယ်ကုန် နိဗ္ဗူလှမ်းစေပါ့
တိုက်စမ်းလှည့် ဗုဒ္ဓအတွေ့ကြုံ။
am_ynt
သီလကိုတဲ့ ဘေးမှာထားတရားအားထုတ်မယ်တဲ့လား
ဘုရားရှင်ရဲ့သာသနာ ဘယ်ရောက်သွား
စဉ်းစားပါကွယ့် အိုလူသား။
mk
နုံချာခဲ့ရ ၊ ဘဝဇာတ်ခုံ
မောဟပိတ်ဖုံး ၊ စုံးစုံးမြုပ်ရုံ
သစ္စာအလင်းဖြင့် ၊၊ ချင်းနင်း အရုဏ်
အာရုဏ်တက် ၊ နေထွက်လိမ့်မယ်ယုံ ။
tsal

No comments:
Post a Comment