Thursday, January 21, 2010

ကာကဇာတ်တော်...


ကာကဇာတ်တော်...

ကာကဆိုတာ ကျီးကို ခေါ်ပါတယ်...

သည်ဇာတ်တော်ကတော့ ပုထုဇဉ်တို့ရဲ့ သဘောသဘာဝလေးပါ...
မင်းမသိ ဗာရာဏသီပေါ့နော်...
အဲဒီဗာရာဏသီပြည့်က မင်းကြီးမှာ သားတော်နှစ်ပါး ထွန်းကားခဲ့တယ်လေ... သားတော်တွေ အရွယ်ရောက်လာတဲ့အခါ သားကြီးကို အိမ်ရှေ့မင်းရာထူး... သားငယ်ကိုတော့ စစ်သူကြီးရာထူးပေးတယ် ဒါကတော့ ထုံးစံပေါ့လေ... အကြီးကို ဦးစားပေးရတာပေါ့... ဒီလိုနဲ့ ဖခင်မင်းကြီး နတ်ရွာစံတဲ့အခါ သားကြီးအိမ်ရှေ့မင်းက ရှင်ဘုရင်လုပ် ညီငယ်စစ်သူကြီးက အိမ်ရှေ့မင်းလုပ်ရမှာပေါ့... ဒါပေမဲ့ အကိုကြီးဖြစ်သူက ငါရှင်ဘုရင်မလုပ်ချင်ကွာ ညီငယ် မင်းဘဲ ရှင်ဘုရင်လုပ်ပါဆိုပြီး ညီငယ်ကို ရှင်ဘုရင်ရာထူး ပေးလိုက်တယ်လေ... ဒီလိုပေးပြီး အကိုဖြစ်သူကတော့ ကျေးရွာတစ်ရွာမှာ သာမန်ရွာသားတစ်ယောက်ကဲ့သို့ အေးအေးချမ်းချမ်း သွားနေပါတယ်... သည်အချိန် အကိုကြီးဖြစ်သူရဲ့ စိတ်ဓာတ်ကောင်းလေး အတုယူ ကြည်ညိုဖွယ်ရာ အရမ်းကောင်းလှပါတယ်...

နောက်တစ်ခါ ညီငယ်ဖြစ်သူမှာ မင်းစည်းစိမ်တွေနဲ့ အခွန်အတုတ်တွေ မြောက်များစွာရပြီး ကြီးပွားချမ်သာနေတာကို အကိုကြီးဖြစ်သူမှာ တွေ့လာရပြန်တော့ ကိုကြီးမှာ စိတ်တွေက ဖောက်ပြန်လာပြန်တယ်လေ ကိလေသာလို့ခေါ်တဲ့ တဏှာလောဘလေးက လိုချင်ပြန်တယ်... ဒါနဲ့ပဲ မရရအောင် ကြံဆောင်လို့ အကိုကြီး ရှင်ဘုရင်ဖြစ်လာပြန်ပါတယ်... ခုတစ်ခါကျတော့ ယုတ်မာလှတဲ့အကို ညီထံမှ သူတစ်ပါးမပေးလိုတာကို အတင်းမတရား လုယူပြန်ပါတယ်...

ဒီလို သာယာဝပြောတဲ့ တိုင်းပြည်ကြီးနဲ့ နေရတာတောင် လောဘလေးက ပြည့်စုံပြီလားဆိုတော့ လိုနေသေးတယ်တဲ့... နီးစပ်ရာတိုင်းပြည်တွေ တိုက်ခိုက်သိမ်းပိုက်နေလိုက်တာ အများပြည်သူတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နောက်ဆုံး သိကြားမင်းက လာရောက်ဆုံးမသွားရပါတယ်...

စိတ်တွေ အမြဲ ဖေါက်ပြန်ပြောင်းလဲနေတယ်... ပုထုဇဉ်တို့ရဲ့စိတ်ဟာ ခုတစ်မျိုး တော်ကြာတစ်မျိုးပါပဲ... အရိယာလို့ခေါ်ဆိုသူများရဲ့ စိတ်ကတော့ တသမတ်တည်း မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့တဲ့.. မြဲမြန်ခိုင်မြဲပါတယ် ဒါ့ကြောင့် ထေရ လို့လည်းခေါ်ဆိုတယ်...
ထေရ၀ါဒဆိုတာ မဖေါက်မပြန် မြဲမြန်ခိုင်ခံ့ပါတယ်...

ဤမှာနား၏...

အပူငြိမ်းလို့ ချမ်းသာကိန်းပါစေ...
ဦးလောကနာထ
၁.၂၁.၂၀၁၀

ဇာတ်တော်အကျယ်ဖတ်လိုပါက ---ဇာတက၊ ဋ္ဌ၊ ၄၊ ၁၆၈--- ကို ရှာဖတ်ပါလေ...

No comments: