Wednesday, May 12, 2010

မစ္ဆရိသုတ်... ကဗျာ

မစ္ဆရိသုတ်
(ပါ-၃၁-မြန်-၃၁)

နှမြောဝန်တို စဉ်းလဲဆို ထိုထိုချိမ်းချောက်တာ။
ပေးလှူသူအား ကျိုးပေးငြား မှတ်သားဘယ်သို့ပါ။
တမလွန်မှာ ဘယ်သို့သာ နေကာစားရမှာ။
သိလိုသမျှ မေးလေက ဖြေပဘုရားပါ။

ထိုသူတို့ဟာ ပါယ်လေးရွာ ခံကာနေရမှာ။
အ၀တ်ထမင်း မွေ့လျော်ခြင်း အလျှင်းမရပါ။
ငြိုငြင်လှစွာ ဥစ္စာရှာ လွန်စွာပင်ပန်းပါ။
သိလိုသမျှ နတ်သားက မေးပနောက်ထပ်ပါ။

တစ်ချို့သောသူ သဒ္ဓါထူ ပေးမူဝမ်းသာပါ။
အလှူခံများ သဘောသွား သိထားလှူဒါန်းပါ။
ရတနာသုံး အမြတ်ဆုံး ရွင်ပြုံးကြည်ညိုပါ။
ထိုသူတို့လေ ဘ၀တွေ မှတ်လေဘယ်သို့ပါ။
အ၀တ်အစား ပြည့်စုံငြား ပျော်ပါးနေရမှာ။
ကိုယ်အလိုအား သူတပါး လိုက်ငြားပါတော့မှာ။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

No comments: