ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၁-မှ...
သောတာပန် မယားငယ်နေသေးလားဘုရား...
25 Mar 09, 22:40
ခွန်နောင်: မိမိစောင့်ရှောက်ရတဲ့ သမီးကို ပြန်ဖျက်ဆီးတဲ့ဖခင် ကာမေသုမိစ္ဆာစာရကံ မထိုက်ဘူးဆိုတာတော့ အဋ္ဌကထာဆရာရဲ့အမြင်က မသင့်တော်ဘူး ထင်ပါတယ်ဘုရား။ ဘယ်သူ စောင့်ရှောက်သည်ဖြစ်စေ ကိုယ့်သမီးကို ပြန်မဖျက်ဆီးသင့်တာ ဖခင်ဝတ္တရားပါ။ ဒီလိုဆို တလောက ကမ္ဘာမှာ ဟိုးလေးတကျော် ဖြစ်သွားတဲ့ သမီးရင်းကို ၂၄ နှစ် မြေအောက်ခန်းထဲထားပြီး ဖျက်ဆီးတဲ့ဖခင်ဟာ ကိုယ်စောင့်ရှောက်တဲ့ သမီးကို ကိုယ်ပြန်သိမ်းပိုက်တာဖြစ်လို့ အပြစ်မရှိဘူး ဆိုရမလို ဖြစ်နေပါတယ်။ စာမျက်နှာ-၂၄၀
ဒကာလေးခွန်နောင်ရေ...
ဘုန်းကြီးအနေနဲ့ ဆဋ္ဌမူထဲက ပါဠိတော်ဖြစ်စေ အဋ္ဌကထာဖြစ်စေ ဋီကာဖြစ်စေ မြန်မာပြန်ဖြစ်စေ၊ အားလုံးကိုလက္ခံတယ်၊ ဘာကြောင့်လဲဆိုတော့... ဆဋ္ဌသံဂါယနာတင်တဲ့ ဆရာတော် သံဃာတော်များအားလုံး ဘုန်းကြီးထက် ပိုတတ်တယ် ပိုသိတယ် ဒါကြောင့် ချွင်းချက်မရှိကိုဘဲ လက္ခံပါတယ်။ တချို့ ဘုန်းကြီးများ လူများ အဋ္ဌကထာကို ဘယ်လိုဘဲ ဘာပြောပြော သူတို့ဆန္ဒအတိုင်းသာ၊ ဘုန်းကြီးကတော့ ဆဋ္ဌမူထဲကအတိုင်းပါဘဲ။
ဒါက ဘုန်းကြီးရဲ့ ဆန္ဒလေးကိုပြောပြတာပါ။
ဖခင်ဖြစ်သူက အုပ်ထိန်းသူမဲ့ သမီးကို ကျူးလွန်ရာမှာ ကာမေသုမိစ္ဆာစာရကံ မထိုက်ဘူးလို့သာ ဆိုလိုတာပါ၊ ((အကုသိုလ်အပြစ် မရှိဘူးလို့တော့ မဆိုပါ)) ဒါလေးကိုမြင်အောင်ကြည့်ရပါ့မယ်။
ကာမေသုမိစ္ဆာစာရကံ မထိုက်ဘူးဆိုလိုက်တာနဲ့ အပြစ်မရှိဘူးလို့ ဒကာလေးက မြင်လိုက်လို့ပါ။ သိရမှာက ကံမထိုက်ပေမဲ့ အကုသိုလ်အပြစ် ကိလေသာအပြစ်တွေကတော့ မြောက်များစွာပါ။ ဒီဘ၀မှာတင်ကိုပဲ အကုသိုလ်အကျိုးပေးတွေကို ခံစားရမှာ မနဲဘူးပေါ့။
သမီးရင်းကို ၂၄ နှစ် မြေအောက်ခန်းထဲထားပြီး ဖျက်ဆီးတဲ့ဖခင်ဟာ... အပြစ်မရှိဟု မယူစေလိုပါ။
ကံထိုက်မထိုက် စိစစ်ကြည့်မယ်ဆိုရင် ...
မိခင်အုပ်ထိန်းမှုအောက်က လှည့်ပတ် ခိုးယူသွားတာ ဖြစ်သည့်အတွက် ကံထိုက်ပါတယ်။ ဒီတစ်ခုထဲနဲ့တင် အပြစ်ရှိနေပါပြီ၊ ကာမေသုမိစ္ဆာစာရကံ ထိုက်နေပါပြီ။
သမီးဖြစ်သူကိုယ်နှိုက်က မပေးလိုဘဲ အတင်းအဓမ္မ ကာမကိုယူသည့်အတွက် အပြစ်ကြီးပါတယ်။
နိုင်ငံတော် ဥပဒေ ချိုးဖောက်သည့် အတွက်လဲ အပြစ်ရှိပါတယ်။
လူ့ကျင်ဝတ် ချိုးဖောက်သည့် အတွက်လဲ အပြစ်ရှိပါတယ်။
ဖခင်တာဝန် မကျေသည့် အတွက်လဲ အပြစ်ရှိပါတယ်။
ဒီအပြစ်တွေအားလုံးရဲ့ အကျိုးတရားကိုတော့ ပြုသူဟာ ဒီဘ၀ နောင်ဘ၀ သံသရာတလျှောက်လုံး ခံစားရမှာသာ ဖြစ်ပါတယ်။
ဒါကတော့ ဥပမာ တစ်ခုပါ... သံဃဘေဒကကံ
သံဃာသင်းခွဲသောကံသည် ရဟန်းမှာသာ ဒီကံမျိုးဖြစ်ပါတယ်။
လူတွေမှာ ကြိုက်သလောက်ခွဲ ဒီကံမျိုးမထိုက်ပါ။ မဖြစ်ပါ။
ကံမထိုက်ဟုသာ ပြောပါသည်။ ((အပြစ်မရှိဟုမဆိုပါ))
ဒါဘေမဲ့ ကံမထိုက်သော်ငြားလဲ သံဃာသင်းခွဲသောကံလောက်နီးနီး အပြစ်ရှိပါတယ်။
ကံထိုက်မထိုက်ရယ်၊ အကုသိုလ်အပြစ်ရှိ,မရှိ ဆိုတာရယ် ခွဲပြီး ကြည့်နိုင်ရပါ့မယ်။
ဘုန်းကြီးကိုယ်တိုင်လဲ အမြင်မရှင်းခဲ့လို သံသရာကြောရှည်ခဲ့ပါပြီ...။
စိတ်ချမ်းသာကြပါစေ၊ ဒုက္ခဆင်းရဲကင်းဝေးကြပါစေ။
ဦးလောကနာထ
၃.၂၆.၂၀၀၉
အာဂမနီယ၀တ္ထု... (တည်တောဆရာတော်)
ကာမေသုမိစ္ဆာစာရကံ... (မဟာဂန္ဓာရုံဆရာတော်)
1 comment:
ကျေးဇူး ကြီး လှ ပါတယ် ခင်ဗျာ // နောက်လဲ တင်ပေးပါဦး // ကုသို ပြုတိုင်း အမျ ဝေ ပါ မယ်
Post a Comment