အမဲသားထမ်း၊ တက္ကတွန်း၊ ရဟန်းလူထွက်သား...
မုဆိုးနောက်လိုက်၊ ငါ့ကိုကြိုက်၊ အမိုက်လူထွက်သား...
မိခင်ချော့သိပ်၊ အငိုတိတ်၊ မောင်အိပ်ပါတော့လား...
မြကြိုးလိမ် ကြိမ်ပုခက်ကယ်နှင့်၊ စက်ပါတော့ သားရွှေစင်...
ပျော်ကြောင်းရယ် မာယာနှင့်၊ ဖွဲ့ဆိုတာ အမေလွဲမယ်ပ...
ရွှေခဲအငိုတိတ်၊ မင်းအိပ်စေချင်...
မောင့်ဖခင် လူတွင်နောက်ဆုံး...
ဘယ့်နှယ်ကို ရှောင်ခွာလို့...
နောင်နောင်ခါ လွတ်အောင် ရှားပါတော့...
မွေးမယ်တော် ခုမှာထားလိုက်မယ်...
သားလှရွှေကုံး...
မန်လည်ဆရာတော်ဘုရား ရေးဖွဲ့ပါသည်...

No comments:
Post a Comment