Sunday, March 7, 2010

ဘုန်းဘုန်းကြီး လိမ်တယ်...


ဘုန်းဘုန်းကြီး လိမ်တယ်...

ဘုန်းဘုန်းကြီး လိမ်တယ်... တဲ့...
လိမ်မိပါတယ် ကလေးရယ်... လို့... မပြောနိုင်လို့...
အမှန်ကို တင်ပြရပါတော့မယ်...

ကျွန်ုပ်ရဲ့ ဖြစ်ရပ်မှန်က ဒီလိုပါ...

ကျောင်းမှာ မိသားစုတစ်စု ရဟန်းခံ သီလရှင်လာဝတ်ကြပါတယ်... ဘာသာရေး အသိကတော့ အားနည်းပါသေးတယ်... ဒါပေမဲ့ ကောင်းမှုလုပ်ရမယ် ရဟန်းခံတယ် သီလရှင်ဝတ်တယ်ဆိုတာ ကောင်းမှုလို့ သူတို့ သိကြတယ်... ရခဲလှတဲ့ သာသနာမှာ သမီးဖြစ်သူက သီလရှင်ပေါ့... ဖခင်က ရဟန်းပြု... မိခင်ဖြစ်သူက ချက်ပြုတ် ကပ်လှူနဲ့ မိသားစုတွေ ပျော်စရာလည်းကောင်း ကြည်နူးဖွယ်လည်း ကောင်းပါတယ်...

လာဝတ်တဲ့သူတွေ အရင်းမရှုံးအောင် ဘုရားစာတွေသင်ပေး တရား(ထိုင်)ကိုကျင့်ခိုင်း တရားဟောပေးနဲ့ ရသလောက်အချိန်တွေကို အသုံးချပေးပါတယ်... ကလေးတွေပါရင် တစ်နေ့ ၅-ချိန်... လူကြီးတွေဆိုရင် ၈-ချိန် အချိန်ဇယားနဲ့ နေရပါတယ်... အပျော်... ယတြာချေတာမျိုး လက်မခံပါဘူး... ပြဿနာလေးကတော့ ဆွမ်းစားချိန်မှာ စပါတယ်... သီလရှင်ကလေးက ဘုန်းကြီးတို့နဲ့ အတူစားမယ်တဲ့... ဒုက္ခ... ဒီတော့သီလရှင်ကို နားလည်အောင်ပြောပြရတာပေါ့... ဘုန်းကြီးတို့ ရဟန်းတော်တွေမှာ စည်းကမ်းရယ်လို့ ၀ိနည်း ၂၂၇-မျိုးကို ဘုရားကသတ်မှတ်ထားတယ်... သီလရှင်လေးက သီလ ၈-ပါး မေတ္တာပို့တာလေးထဲ့မှ ၉-ပါးရယ် ဒီတော့မတူဘူး... (ကြားဖြတ်တောင်းပန်ပါတယ်... သီလရှင် သီလ အလွန်ဆုံးမှ ၁၀-ပါးသီလနော် မသိသူများ ဟိုဟာပေါင်း ဒီဟာပေါင်းနဲ့ လျှောက်မလုပ်ကြပါနဲ့... တော်ကြာ လျှောက်ပေါင်းနေရင် ကုဋေကိုးထောင် ကျော်သွားဦးမယ်) နောက်တစ်ခုက ဘုန်းကြီးတို့ ၀ိနည်း စူဠ၀ါပါဠိတော်ထဲမှာ ဆဗ္ဗဂ္ဂီရဟန်းဆိုးတွေကြောင့် ရဟန်းတော်များ မလုပ်ရမှာတွေ အများကြီး ပြထားပါတယ်... ဒါကြောင့် ဆရာလေးက တစ်ဝိုင်းမှာ ဆွမ်းဘုဉ်းပါဆိုတော့... မှန်ပါ့ဘုရား မသိလို့ပါတဲ့... သီလရှင်ကလေးက လိမ်မာတယ်... မသိတော့ ပူစာတယ် သိသွားတော့ ပြင်တယ်... အမှားကိုပြင်တာ သူတော်ကောင်းလို့ ခေါ်ပါတယ် ဆရာလေးရယ်... ဆိုပြီးနောက်တော့... သူတို့မိသားစုအတွက် တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချသွားကြပါတယ်... (၀ိနည်း စူဠ၀ါ ဂါထာ ၂၉၀-၂၉၄)

လွန်ခဲ့သော ဇာတ်လမ်းဟောင်းကတော့ ဒီမှာ ပြီးသွားပါပြီ....

သူတို့မိသားစု လူပြန်ထွက်သွားပြီးနောက် ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့... တစ်နေ့မှာတော့ ဆရာလေးလူထွက်က ပြောပါလေရော... ဘုန်းဘုန်းကြီး လိမ်တယ် ဘုန်းဘုန်းကြီး လိမ်တယ်တဲ့... စကားက မြန်မာလို သိပ်မပီတော့ သူပြောတာလေးက ရယ်စရာလေးပါ... ဒါပေမဲ့ ကျွန်ုပ်မှာတော့ မရယ်နိုင်...

ဘာလို့ပါလဲ ပြောပြပါ ဆိုတော့မှ...




တပည့်တော်တို့ကို အရှင်ဘုရားက ရဟန်းဆိုတာ လူတွေ ကိုရင်တွေ သီလရှင်တွေနဲ့ ဆွမ်းအတူတူ မစားရဘူးပြောထားတယ်... ဒီမှာ နာမည်ကြီး ဆူနာမီ ဆရာတော်ဘုရားကြီးက သီလရှင်သုံးပါးနဲ့ ဆွမ်းအတူစားနေကြတယ်... ဒီလို နာမည်ကြီး ဆရာတော်ကတောင် စားလို့ရလို့ စားနေတာ... ဘုရားကခွင့်ပြုလို့ပေါ့တဲ့... ဒါ့ကြောင့် ဘုန်းဘုန်းကြီး လိမ်တယ်ပြောတာပါတဲ့...

သွားပြီ အရှင်ဘုရား ရေ...

ဘုရားတရားတော်အတိုင်း အမှန်တရားပြောပြသူများကို လိမ်တယ်ထင်သွားပါပြီ...

လူ သာမဏေ သီလရှင်တို့နဲ့အတူ စားသောက်နေခြင်းဟာ အာပတ်အရ ဒုက္ကဋ်= လူအများကဲ့ရဲ့ဖွယ်ရာ... ပါစိတ်= ကုသိုလ်မှ လျောကျစေသောအပြစ်... ဒါပါပဲ ဒီအာပတ်တွေကို... အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ... အစချီလို့... ကုစားလိုက်ရင် အပြစ်မရှိတော့ပြန်ပါဘူး... ဒါပေမဲ့... အသိအမြင် အားနည်းနေသူများဟာ အရှင်ဘုရား လုပ်ရပ် တစ်ခုကြောင့် ရဟန်းကောင်းတွေ ဘုရားတရားတော်အတိုင်း ပြောဆိုဆုံးမမှုတွေကို မှားတယ်လို့ ထင်သွားကြပါပြီ... တပည့်တော် ဒါလေးကိုပြောလိုတာပါ... သူတို့လေးတွေ အရှင်ရဲ့ လုပ်ရပ် အမှားကို အမှန်ထင်သွားကြပါပြီ...

အရှင်ဘုရားက သီလရှင်နဲ့အတူ ဘုဉ်းတယ်...
တပည့်တော်က မစားရဘူးလို့ ဆုံးမထားတယ်...
ကလေးရဲ့အသိမှာ ဆန့်ကျင်ဘက်နှစ်မျိုးဖြစ်သွားပါပြီ...
အသိနှစ်မျိုးမှာ အရှင်ဘုရားက နာမည်ကြီးတော့ သူက အရှင်လုပ်နေတာကို မှန်တယ်လို့ ထင်သွားပါတယ်... အတော်ရှင်းယူရပါတယ်... ခုတော့ သူအမြင် မှန်သွားပါပြီ...

တပည့်တော် တွေးမိလိုက်တာတစ်ခုကတော့
နာမည်ကြီးတွေမှားရင် ပိုကြောက်ရပါလားလို့ တွေးမိပါတယ်
နောက်လိုက်နောက်ပါ အင်အားကောင်းကောင်းနဲ့
သံသရာ အမှားကြောင်းကြီးထဲကို စွဲခေါ်နေပြီ...

ကလေးတွေက ဘုရားတရားတော်ဟာ ရဟန်းနဲ့သီလရှင် အတူစားလို့ရတယ်လို့ ထင်သွားပြီ... အမှန်တရား ပြောပြနေသူများကို မှားတယ်လို့ ထင်သွားခြင်းဟာ သာသနာအတွက် ဆုံးရှုံးခြင်းပါ... အရှင်ဘုရားအတွက်လည်း အဆိုးဆုံးပါပဲ... ဒီကိစ္စ ဒီအပြုအမူတွေဟာ နွံထဲကို စွဲချတော့မယ်... ဒီလို အမှားကို အမှန်ထင်သွားကြတဲ့ မိသားစုတွေ ဘယ်လောက်များနေပြီလဲ မပြောတတ်တော့ပါဘူး ဘုရား...

သည်ကိစ္စမျိုးတွေကြောင့် ရွှေအစစ်ကို အတုဖုံးသလို...
အတုဖုံးတော့ အစစ်ကွယ်မယ်...
သူတော်ကောင်းတွေ တောမြိုင်ယံကို ပြေးကြလိမ့်မယ်...

နွံ
နွံဆိုတာ
နစ်နေသူအတွက် ရုန်းရ ခက်လှပါတယ်...
ရုန်းလေ နစ်လေ ဖြစ်တတ်တာ သူ့သဘာဝပါ...
ကယ်ဆယ်မဲ့သူက ဆွဲစရာလေးပေးမှ...
နင်းစရာ အမာခံလေးတွေ ချပေးလိုက်မှ...
နစ်နေသူဟာ ဆွဲလို့ နင်းလို့ တက်လာနိုင်ကြပါတယ်...
တက်လာခဲ့ပါ ငါ့ရှင်...
၂၂၇-သွယ် ကနေ ၈-ပါးထံ မဆင်းပဲ ပြန်တက်ခဲ့ပါ ဘုရား...
နှာခေါင်းပေါ်နေသ၍ အသက်မသေသေးပါ...
အချိန်တွေ အများကြီး မှီပါသေးတယ်...
ကယ်သလိုနဲ့ လုပ်တဲ့ လုပ်ငန်းစဉ်တွေကလည်း ထိုးချသလို ရှိတတ်ပါတယ် သတိတရား လက်ကိုင်ထားပါ အရှင်...

တရားအမှန် ဖေါ်ထုတ်နေတဲ့ လူငယ်တွေဟာ အရှင်ဘုရားရဲ့ ရန်ဘက်ဟောင်းတွေ မဟုတ်ဖူးလို့ ထင်မိပါတယ်...
ဘုရားတပည့်တော်ဆိုရင်လည်း အရှင်ဘုရားနဲ့ မတွေ့ဘူး မမြင်ဘူးပါ ဘုရား...
ငြှိုးသူရန်ဘက်တွေလည်း မဟုတ်ကြပါ ဘုရား...
သာသနာအတွက် အများအတွက် အမြင်မှန်စေချင်လို့သာ ရေးနေရတာပါ...

သီလရှင် ဆရာလေးတွေက အမြဲဝတ်သီလရှင်တွေဆိုရင် ဒါတွေကို သိထားသင့်ပါတယ် မပြုမူသင့်ပါဘူး... ဆွမ်းတစ်လုပ်ဟာ ၃-နာရီစာပဲ ခံပါတယ်... ရတနာသုံးပါးအပေါ် ဖြစ်လိုက်တဲ့ အဂါရ၀ အမှုကတော့ ကြောက်စရာ ကောင်းပါလိမ့်မယ်... သတိတရားလက်ကိုင်ထားလို့ ဆရာတော်မှားရင်တောင် ကိုယ်မမှားဖို့ ဆင်ခြင်ကြပါ... ကိုယ်ပြုသည့်ကံ ကိုယ်သာခံကြရမှာပါ... မြင်ရတာက အမြင်မတော် ဆင်တော်နဲ့ခလောက်ပါပဲ... ဗန်းမော်ဆရာတော် စာချိုးထဲကလို မဖြစ်ကြစေနဲ့... ယာယီဝတ်သူတွေဆိုရင်လည်း မှတ်ထားပါ... ဆံတစ်ထုံး အဆုံးခံပြီး အပါယ်ကို မဂိုးပါနဲ့... ဘေးကနေပြီး သာသနာဆိုတာကို သိအောင်လုပ်ပြီး စောင့်ရှောက်ကြပါ...

သာသနာကို စောင့်ရှောက်နေတဲ့ သီလပိုင်ရှင် သီလရှင်အားလုံးကို သာဓုခေါ်ပါတယ်...

ဆွမ်းအလှူရှင်ကိုတော့ ဘယ်ကမှန်း ဘယ်သူမှန်းတော့ မသိပါ... အားနာမိပါတယ်... သာသနာ့အရေး ကြုံလာလို့သာ တင်ပြရတာပါ... ဒါကြောင့် ဆွမ်းလှူနေချိန်မှာ ပီတိလေးနဲ့ ပြုံးရွှင်နေတဲ့ မျက်နှာလေး ဖုံးထားလိုက်ပါတယ်... မသိလို့ ပြုမိမှားကြတာ များပါတယ်... အပြစ်ရယ်လို့ မဆိုချင်တော့ပါ... သိအောင်တော့ ကြိုးစားကြပါ... အမှန်သိတော့ အမှားတွေ စင်ပါတယ်... တရားထူးဆိုတာ အမှန်သိလို့ အမှားစင်ခြင်းပါပဲ... အမှားစင်တော့ အမှားကြောင့် ဖြစ်ပေါ်လာမဲ့ အကျိုးဆက်တွေ ငြိမ်းပါတယ်... ငြိမ်းကြပါစေ...

ဆူနာမီဆရာတော် ဓါတ်ပုံနဲ့ပါတ်သက်၍ ဓါတ်ပုံအတုဖြစ်ခဲ့သော်
ဘုရားတပည့်တော် ပြောဆိုမှုများကို ပြန်လည် ရုပ်သိမ်းပါတယ်ဘုရား
သူတို့ ငါးဦးသားကတော့ အမှန်သိကြပါလိမ့်မယ်
ပညာရှင်များမှလည်း ဓါတ်ပုံကို စစ်ဆေးနိုင်ပါတယ်

ကိုယ်စီကိုယ်ငှ အပ္ပမာဒတရား လက်ကိုင်ထားလို့
သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ....
ဦးလောကနာထ
၃.၇.၂၀၁၀





12 comments:

tint said...

ဟိုလေဘုရား
ဒါကဒီလိုပါဘုရား
စူနာမီဆရာတော်ဆိုတာလဲ ပညတ်ဘဲ ။ သီလရှင်ဆိုတာလဲ ပညတ်ဘဲ
ဆွမ်းဆိုတာလဲ ပညတ်ဘဲ
ဝိနည်းဆိုတာလဲ ပညတ်ဘဲ
ဆွမ်းတူတူဘုန်းပေးတာမပေးတာလဲ ပညတ်ဘဲ
သင်္ကန်းဆိုတာလဲ ပညတ်ဘဲ
ပညတ်မှန်ရင်စူနာမီဆရာတော်ကပါယ်ထားတာပါဘုရား
ဒီတော့ သင်္ကန်းလေးရုံထားဖေါ်ရတာတောင်သူ့ ကျေးဇူးတင်ရသေးဘုရား
တော်ကြာသင်္ကန်းလေးပါပါယ်ပြီး ဆွမ်းစားကြွလာမှ တပည့်တော်တို့  ဓါတ်ပုံတင်ရင် မတော်မရော်တင်မှုနဲ့ အမှုဖြစ်ကရောဘုရား

Anonymous said...

အထက်ပါပိုစ်နှင့် ပတ်သက်၍ ကား ဆူနာမီဆရာတော် မှ အွန်လိုင်း အမေးအဖြေ လုပ်ပေးကာ စစ်ကြေားရေး စခန်းတွင် အစစ်ခံသလို အစစ်ဆေးခံပြီး။ ပြန်လည်ရှင်းပြ ဖြေရှင်းပြောကြားထားပြီး ဖြစ်လေသည်။ ဆရာတော်၏ ပြန်လည်ရှင်းပြဖြေရှင်းပြောကြားသော အသံဖိုင်များအား နားထောင်ကြပါကုန်။

tknn said...

ဘုန်းဘုန်းကြီး လိမ်တယ် ပို့စ်ကိုဖတ်ပြီး စိတ်ထဲတမျိုးကြီးဘုရား။ တကယ့်ကိုစိတ်မကောင်းဘူး၊ဆူနာမီလို နာမည်ကျော်တွေက ဒီလို လုပ်ပြနေတေွာ့သာသနာအတွက် ၀မ်းနည်းဖွယ် ရင်လေးဖွယ်ပါဘုရား၊ သူ့တပည့်နောက်လိုက်အချို့က ဆရာကို ကာကွယ် ပြောဆိုနေတာကိုလဲ နားလည်နိုင်ပါတယ်.. သူတို့မှာ အမှား အမှန်ခွဲခြားနိုင်တဲ့ ဓမ္မအသိ(စာသိ ကျင့်သိ)ဘာမှမသိရှာကြပါဘူး၊ ပုဂ္ဂိုလ်ရေး သံယောဇဉ်နဲ့ ကာကွယ်ပြောဆိုနေကြတာပါ။ သာသနာတော်ရဲ့ အန္တရာယ် ကာကွယ်သူများကိုလဲ ရန်သူလို သဘောထားနေကြပါတယ်.(သူတို့ရဲ့ နုံချာ သေးသိမ်တဲ့ သဘောထားများကို စိတ်ပျက်မိတယ်။) ဘုရားရှင်ရဲ့ အရိယာသာဝက တစ်ယောက်ဟာ အသက်သာ အသေခံမယ် ဘုရားစည်းကမ်း(၀ိနည်း)ကို မဖောက်ဖျက်ဘူး ဆိုတာကိုလဲ သူတို့ မသိရှာကြပါဘုရား၊ သနားစရာလည်းကောင်း သာသနာတော်အတွက် ရင်လေးစရာ ကောင်းလွန်းလှတယ်ဘုရား၊ တပည့်တော်တို့ သေသေချာချာ ပြောနိုင်တာက ဆူနာမီနဲ့ စကားစစ်ထိုးနေတာမဟုတ်ဘူး၊ ဆူနာမီကို နှိပ်ကွက်နေတာမဟုတ်ဘူး. ဆူနာမီကို အနိုင်ယူချင်လို့ လုပ်နေတာမဟုတ်ဘူး ဆိုတာကို သူ့နောက်လိုက်တွေ သိအောင် ပြောထားချင်တယ်ဘုရား။ ကပိလရဟန်းရဲ့ မိသားစုဝင်တွေလို ဖြစ်ကုန်ပါရောလား။ ဆူနာမီရဲ့ နောက်လိုက်တွေဟာ ဆူနာမီပြောတဲ့ စကားရဲ့ အဓိပ္ပါယ်လိုရင်းကိုလဲမသိရှာကြပါဘူးဘုရား၊ဆူနာမီကို ကြည်ညိုတာ လက်ခံတာက ပုဂ္ဂိုလ်ရေးပါ။ ဖြစ်နိုင်ရင် အိမ်ဦးဘုရားခန်းမှာ တင်ထားပြီး ပူဇော်နိုင်တယ်၊(သူ့နောက်လိုက်တွေ ဒီလောက်လဲ မဟုတ်ပါဘူး) ဒါပေမယ့် သာသနာတစ်ခုလုံးကို ထိခိုက်မယ့် အလုပ် အပြောတွေလုပ်လာရင်တော့ ကာကွယ်ကြရမှာပဲ၊ ကိုယ်ပိုင်ဥာဏ်ရင့်သန်တယ်ဆိုရင် ဘုရားသားတော် ရဟန်းလုပ်မနေနဲ့လေ၊ တိတ္ထိဆရာကြီးတွေလို စင်ပြိုင်ထောင်ပေါ့။ အခုက သာသနာအရေလဲ ခြုံထားတယ်.ဘုရားဟောတဲ့ တရားလဲဟောတယ်၊ မူရင်းအတိုင်းမဟုတ်ဘဲ ထွင်ဟော ပြင်ဟောနေတယ်။ ဒါတွေကို လက်မခံနိုင်လို့ အမှန်ပြင်ပေးတော့ လက်မခံနိုင်ဘူး၊ ဆူနာမီ နောက်လိုက် တပဲ့တွေက(တပည့်မဟုတ်)တော့ လုပ်တတ်ပါပေ့.. သူ့ဆရာဟောတဲ့ ၂၀၀၉ ခုနှစ်ဟောတရားက ဘယ်လို၊ ၂၀၁၀ ဟောတရားက ဘယ်ပုံ... အော်.. ကြံကြံဖန်ဖန် ဆူလာပြန်တဲ့ ဆူနာမီ တပဲ့တွေပါတကား။ သာသနာ နှစ်ပေါင်း ၂၅၅၃ ခရီးမှာ ဆူနာမီလို လူတွေအများကြီး ကြုံဖူးတယ်..ဆူနာမီတပဲ့တွေလို အများကြီး ကြုံခဲ့ဖူးတယ်။ ဒါပေမယ့် သာသနာနှောင့်ယှက်သူအားလုံး ကျရှုံးရတဲ့ သာဓကတွေရှိတယ်၊ တချို့က နူပြီး မရှုမလှတောင် သေသွားကြတယ်၊ မှားလို့မှားတယ် ပြောတာကို လက်မခံနိုင်လောက်အောင် အ-နေတဲ့၊ အသိဥာဏ်ပိန်းတဲ့ တပဲ့တွေ အနေကောင်း အသေကောင်းပါစေလို့ ဆန္ဒပြုချင်တယ်။

ဆရာတော်ဦးလောကနာထ
သက်ရှည် ကျန်းမာစွာ သာသနာအကျိုးဆောင်ရွက်တော်မူနိုင်ပါစေ၊

Dr Phyo Wai Kyaw said...

တပည့်တော်မှာ အလွန်အရက်ကြိုက်တဲ့ ဦးလေးတစ်ယောက် ရှိပါတယ်ဘုရား..။ အဲဒီဦးလေးဟာ ဗုဒ္ဓဘာသာကိုလည်း မကိုးကွယ်ဘူး။ ဘာသာမဲ့ တစ်ယောက်လိုပဲ နေတယ်။ အဲဒီဦးလေးက ညနေတိုင်း အရက်လက်တစ်လုံး သောက်လေ့ ရှိတယ်။ သူမကျေနပ်တာတွေကို ဂွကျကျ ပြောလေ့ရှိတယ်။ မြတ်စွာဘုရားကိုလည်း ဝေဖန်တတ်တယ်။

ဒါပေမဲ့ အဲဒီဦးလေးဟာ အင်မတန် ရိုးဖြောင့်တယ်ဘုရား။ မဖြေရှင်းထားဘဲ ဖြေရှင်းထားတယ် မပြောဘူး။ အမေးမြန်းခံတဲ့အထဲ ဒီအချက်မပါဘူးဆိုရင် ပါတယ်မပြောဘူး။ အရက်မူးနေတာတောင်မှ မလိမ်ဘူး။ မူးနေရင်တောင် အမျိုးသမီးတွေနဲ့ ပရောပရီမနေဘူး။ ဘယ်တူ သားမြေးကိုမှ သူ့လိုလိုက်သောက်ဖို့ မပြောဘူး။ မစည်းရုံးဘူး။ မကောင်းတာလုပ်မှန်း သိတတာကို ကောင်းတယ်မပြောဘူး ဘုရား။

စင်စစ်တော့ အဲဒီလို အရက်သမား၊ ဘာသာမဲ့ဖြစ်တဲ့ ဦးလေးကမှ ယောကျာ်းကောင်း၊ ယောကျာ်းမြတ် တစ်ဦး ဖြစ်နေသေးပါလား၊ အရက်မကြိုက်တဲ့ အချို့ဗုဒ္ဓဘာသာဝင်များထက် ကြည်ညိုဖွယ် ကောင်းနေသေးပါလား၊ မိတ်ကောင်းဆွေကောင်း ဖြစ်နိုင်သေးပါလားလို့ သဘောပေါက်မိ လာကြောင်းပါဘုရား။

Anonymous said...

စဉ်းစားပါဦး

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။ ညနေချမ်းရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။ ရှင်ရာဟုလာက မြတ်စွာဘုရားအတွက် နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။ မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။

“ချစ်သားရာဟုလာ.... အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ.... လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ....လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့ တော့။



ချစ်သားရာဟုလာ....အပြောတစ်ခုပြောတော့မယ်ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား။ ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။
ချစ်သားရာဟုလာ....ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။ ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့ တော့။



ချစ်သားရာဟုလာ....အတွေးတစ်ခု တွေးတော့မယ်ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။ တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့ တော့။”



မြတ်စွာဘုရားရှင်က ကံသုံးပါးကို စင်ကြယ်အောင် လုပ်ဖို့ ဟောပြလိုက်တော့ ရှင်ရာဟုလာလည်း ကျေနပ်ပီတိ ဖြစ်သွားပါတော့တယ်။

(မဇ္ဈိမပဏ္ဏာသပါဠိတော်၊ မဟာရာဟုလောဝါဒသုတ်)

ဆရာတော် ရဝေနွယ် (အင်းမ) ၏ “မိမိကိုယ်ကို မိမိတည်ဆောက်မယ်” ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။

monk said...

Anonymous said... မှ... စဉ်းစားပါဦးအတွက်...

သာသနာ့မျက်နှာ ဘုရားမျက်နှာကြည့်၍ အရာရာဆုံးဖြတ်ပြီး ရေးသားနေခြင်းဖြစ်ပါတယ်...

တောထွက်ဘုန်းကြီး နစ်နာမှာစိုးလို့ အရှင်မဟာကဿပ္ပသာ သင်္ဂါယနာ မတင်ခဲ့ဘူးဆိုရင် တို့တစ်တွေ ထေရ၀ါဒဘုန်းကြီး ဖြစ်ဖို့မလွယ်...

ဆူနာမီဆရာတော်ပို့စ်နှင့် ပါတ်သက်၍ အကြောင်းအရာများ ဘုရားဟောနှင့် လွဲခဲ့သော် အချိန်မရွေး မည်သူမဆို ပြောပြပါ သင်ပြပါ...
လိုက်နာသွားပါ့မယ်...


မြတ်ဗုဒ္ဓသာသနာကို စောင့်ရှောက်နေကြသူများအား ဦးနှိမ်ရိုကျိုး မြတ်နိုးစွာဖြင့် ဂါရ၀ပြုလိုက်ပါတယ်...

ဦးလောကနာထ
၃.၁၁.၂၀၁၀

မောင်ကောင်း said...

Anonymous said သို့...
“ချစ်သားရာဟုလာ.... အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။ ဆိုတဲ့ဘုရားရှင်ရဲ့ဆုံးမစကားလေးပါ။

ဘုရားရှင်ရဲ့ဆုံးမစကားလေးက ဆူနာမီဆရာတော်ကို အရင်ဆုံး ပြောပြသင့်တဲ့စကားလေးပါပဲ။ သီတဂူဆရာတော်ဘုရားကြီး ဆုံးမသြ၀ါဒပေးသလိုပါပဲ။ သတ္တ၀ါတွေ အကျိုးရှိစေဖို့.. စိမ်းလန်းသာယာ အေးချမ်းမှုရှိစေဖို့ မိုးတွေရွာသွင်းဖြိုးပေးတာကို.. ပုရွက်ဆိတ်တွင်းပိတ်သေတော့မှာပဲဆိုပြီး တွေးနေလို့မဖြစ်သင့်ပေဘူး ဆိုတဲ့ အတိုင်းပါပဲ။ လူအများစု အမြင်မှန်ရဖို့.. လမ်းမလွဲဖို့အတွက်ဆိုရင်တော့ ဘုရားရှင်ဆုံးမခဲ့တဲ့အတိုင်းပါပဲ..။ မှားတာကို မှားတယ်လို့ ဝေဖန်ထောက်ပြရမှာပါပဲ။ တစ်ဦးတစ်ယောက်အတွက် ထိခိုက်တယ်ဆိုပေမယ့် အများအတွက် အင်မတန် အကျိုးရှိတဲ့ ရလဒ်တစ်ခုပါပဲ။ တစ်ဦးတစ်ယောက်အတွက် ထိခိုက်တယ်ဆိုတာလည်း ထိခိုက်တဲ့အလုပ်တွေ လုပ်လို့သာထိခိုက်တာပါ။ ဒါကိုတော့ လက်ခံနိုင်မယ်ထင်ပါတယ်။ အမှန်ကိုမြင်နိုင်ပြီး အမြင်မှန်ကို ရယူပိုင်ဆိုင်နိုင်ကြပါစေ...။

Anonymous said...

ဆရာတော် ဦးလောကနာထ နှင့်တကွ ကွန့်မက်ရှင်များသို့..


http://www.mediafire.com/?nmhogyjjkmk

နားထောင်စေလို....

Anonymous said...

တစ်ဖက်ကလဲ ဝိနည်း အငယ်နဲ့ အကြီးကို နားမလည်ဘဲ သတ္တဝါနဲ့လက်နက် မမျှအောင် ကဲ့ရဲ့တာမျိုး၊ အပြစ်နဲ့ မတန်အောင် မတန်တဆ ပြောတာမျိုး ရဟန်းဖြစ်စေ လူဖြစ်စေ မလုပ်အပ်ပါဘူး။ မြတ်စွာဘုရား လက်ထက်တော်က ကောသမ္ဘီမှာ ကုဋီသုံးရေ ကိစ္စနဲ့ ဝိနည်းဆောင် ပုဂ္ဂိုလ်က ပြစ်တင်ကဲ့ရဲ့ရာက စပြီး သံဃာဂိုဏ်းကွဲရတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စမျိုးပါ။ ဝိနည်းကို လက်နက်တစ်ခုလို အသုံးချပြီး အခြားသံဃာများ အနေကျုံ့အောင် စွပ်စွဲတိုက်ခိုက်နေတာမျိုးလဲ မလုပ်အပ်ပါဘူး။

သံဃာတော်များ ခေတ်ကာလအရ သွားရေးလာရေး ပညာရေးမှာ ငွေကြေး ကိုင်တွယ်သုံးစွဲနေရတာကို အမြဲတိုက်ခိုက် ချိုးနှိမ်နေတဲ့ ကိုယ်တော်ကြီးတစ်ပါးကို လျှောက်ထားဖူးပါတယ်။ အရှင်ဘုရားရဲ့ သွားရေးလာရေးကို ငွေကြေးမကိုင်ရင် ဘယ်လို စီမံပါသလဲဆိုတော့ ဒကာတွေက ကိုယ်ပိုင်ကားနဲ့ လာကြိုပို့တယ်တဲ့။ ဒါဆို ဒီလို ကိုယ်ပိုင်ကားနဲ့ လာကြိုပို့မယ့် ဒကာမရှိလို့ ဘတ်စ်ကားခ,လေး လက်ထဲဆုပ်ပြီး ဘတ်စ်ကားတိုးစီးနေရတဲ့ သံဃာတွေကို ငွေကိုင်တယ်၊ အာပတ်သင့်တယ်-လို့ ကဲ့ရဲ့နေတာ မတရားမှန်း ရှင်းနေပါပြီ။

ဦးဇင်းကြီး တစ်လတစ်လ သုံးစွဲနေတဲ့ အသုံးစရိတ်တွေက သိန်းချီနေတော့ ငွေမကိုင်ရင် ဒါတွေကျ ဘယ်လိုလုပ်ပါသလဲ မေးလျှောက်တော့ ဒကာတွေ လှူတာပဲ တဲ့။ သူများကို ကပ်ရင်တော့ ငွေ၊ အာပတ်သင့်တယ်၊ ငါ့ကိုကပ်ရင် ဝတ္ထု၊ အာပတ်မသင့်ဘူး ပြောရမလို ဖြစ်နေပြီ။ နောက်တော့ ဦးဇင်းကြီးမှာ ဝိနည်းနဲ့အညီ ကပ္ပိယကတစ်ဆင့် အလှူခံတယ်ဆိုတဲ့ ငွေတွေ စုဆောင်းထားတာ လူမသိသူမသိ သိန်းပေါင်းများစွာ ရှိပြီဆိုတော့ --ငွေကိုင်တာ သားမယားယူတာနဲ့ အတူတူပဲ-ဆိုတဲ့ စကားလုံးများနဲ့ အခြားသံဃာတွေကို တိုက်ခိုက်နေတဲ့ ဝိနည်းဓိုရ်အတုအပ တစ်ပါးရဲ့အဖြစ်ကို ကျောချမှ ဓားပြမှန်း သိရတော့တယ်။ ခုထိတော့ မသိတဲ့ ဒကာဒကာမတွေက ဝိနည်းကို သိပ်လေးစားတဲ့ ကိုယ်တော်ကြီး၊ တခြားဘုန်းကြီးတွေ ဝိနည်းနဲ့ မအပ်စပ်တာတွေကိုလဲ အမုန်းခံ တိုက်ခိုက်ပေးနေတဲ့ ကိုယ်တော်ကြီးဆိုပြီး ကြည်ညိုလာဘ်လာဘ ပေါဆဲပါ။

တောင်တန်း သာသနာပြုကြွတဲ့ သံဃာတွေ၊ သာသနာ မရှိသေးတဲ့အရပ် ရောက်နေတဲ့ သံဃာတွေဆို လောင်းလှူမယ့်သူ မရှိလို့ ဆွမ်းကို ဖြစ်သလို ကိုယ်တိုင်ချက်ဘုဉ်းရတယ်။ ဒါကို အာပတ်သင့်တယ်၊ ဆွမ်းကို မကပ်ဘဲ စားတယ်လို့ အမြဲကဲ့ရဲ့နေတာမျိုးကျတော့ ဝိနည်းကို လက်တစ်လုံးခြားလုပ်ပြီး အပြစ်ရှာခြင်းမျိုး ဖြစ်သွားပြီ။ ဒါမျိုးလဲ ရှောင်ကြဉ်သင့်ပါတယ်။

Anonymous said...

တစ်ဖက်ကလဲ ဝိနည်း အငယ်နဲ့ အကြီးကို နားမလည်ဘဲ သတ္တဝါနဲ့လက်နက် မမျှအောင် ကဲ့ရဲ့တာမျိုး၊ အပြစ်နဲ့ မတန်အောင် မတန်တဆ ပြောတာမျိုး ရဟန်းဖြစ်စေ လူဖြစ်စေ မလုပ်အပ်ပါဘူး။ မြတ်စွာဘုရား လက်ထက်တော်က ကောသမ္ဘီမှာ ကုဋီသုံးရေ ကိစ္စနဲ့ ဝိနည်းဆောင် ပုဂ္ဂိုလ်က ပြစ်တင်ကဲ့ရဲ့ရာက စပြီး သံဃာဂိုဏ်းကွဲရတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စမျိုးပါ။ ဝိနည်းကို လက်နက်တစ်ခုလို အသုံးချပြီး အခြားသံဃာများ အနေကျုံ့အောင် စွပ်စွဲတိုက်ခိုက်နေတာမျိုးလဲ မလုပ်အပ်ပါဘူး။

သံဃာတော်များ ခေတ်ကာလအရ သွားရေးလာရေး ပညာရေးမှာ ငွေကြေး ကိုင်တွယ်သုံးစွဲနေရတာကို အမြဲတိုက်ခိုက် ချိုးနှိမ်နေတဲ့ ကိုယ်တော်ကြီးတစ်ပါးကို လျှောက်ထားဖူးပါတယ်။ အရှင်ဘုရားရဲ့ သွားရေးလာရေးကို ငွေကြေးမကိုင်ရင် ဘယ်လို စီမံပါသလဲဆိုတော့ ဒကာတွေက ကိုယ်ပိုင်ကားနဲ့ လာကြိုပို့တယ်တဲ့။ ဒါဆို ဒီလို ကိုယ်ပိုင်ကားနဲ့ လာကြိုပို့မယ့် ဒကာမရှိလို့ ဘတ်စ်ကားခ,လေး လက်ထဲဆုပ်ပြီး ဘတ်စ်ကားတိုးစီးနေရတဲ့ သံဃာတွေကို ငွေကိုင်တယ်၊ အာပတ်သင့်တယ်-လို့ ကဲ့ရဲ့နေတာ မတရားမှန်း ရှင်းနေပါပြီ။

Anonymous said...

ဦးဇင်းကြီး တစ်လတစ်လ သုံးစွဲနေတဲ့ အသုံးစရိတ်တွေက သိန်းချီနေတော့ ငွေမကိုင်ရင် ဒါတွေကျ ဘယ်လိုလုပ်ပါသလဲ မေးလျှောက်တော့ ဒကာတွေ လှူတာပဲ တဲ့။ သူများကို ကပ်ရင်တော့ ငွေ၊ အာပတ်သင့်တယ်၊ ငါ့ကိုကပ်ရင် ဝတ္ထု၊ အာပတ်မသင့်ဘူး ပြောရမလို ဖြစ်နေပြီ။ နောက်တော့ ဦးဇင်းကြီးမှာ ဝိနည်းနဲ့အညီ ကပ္ပိယကတစ်ဆင့် အလှူခံတယ်ဆိုတဲ့ ငွေတွေ စုဆောင်းထားတာ လူမသိသူမသိ သိန်းပေါင်းများစွာ ရှိပြီဆိုတော့ --ငွေကိုင်တာ သားမယားယူတာနဲ့ အတူတူပဲ-ဆိုတဲ့ စကားလုံးများနဲ့ အခြားသံဃာတွေကို တိုက်ခိုက်နေတဲ့ ဝိနည်းဓိုရ်အတုအပ တစ်ပါးရဲ့အဖြစ်ကို ကျောချမှ ဓားပြမှန်း သိရတော့တယ်။ ခုထိတော့ မသိတဲ့ ဒကာဒကာမတွေက ဝိနည်းကို သိပ်လေးစားတဲ့ ကိုယ်တော်ကြီး၊ တခြားဘုန်းကြီးတွေ ဝိနည်းနဲ့ မအပ်စပ်တာတွေကိုလဲ အမုန်းခံ တိုက်ခိုက်ပေးနေတဲ့ ကိုယ်တော်ကြီးဆိုပြီး ကြည်ညိုလာဘ်လာဘ ပေါဆဲပါ။

တောင်တန်း သာသနာပြုကြွတဲ့ သံဃာတွေ၊ သာသနာ မရှိသေးတဲ့အရပ် ရောက်နေတဲ့ သံဃာတွေဆို လောင်းလှူမယ့်သူ မရှိလို့ ဆွမ်းကို ဖြစ်သလို ကိုယ်တိုင်ချက်ဘုဉ်းရတယ်။ ဒါကို အာပတ်သင့်တယ်၊ ဆွမ်းကို မကပ်ဘဲ စားတယ်လို့ အမြဲကဲ့ရဲ့နေတာမျိုးကျတော့ ဝိနည်းကို လက်တစ်လုံးခြားလုပ်ပြီး အပြစ်ရှာခြင်းမျိုး ဖြစ်သွားပြီ။ ဒါမျိုးလဲ ရှောင်ကြဉ်သင့်ပါတယ်။

monk said...

ကျန်းမာရေးအရ အချိန်မရသေးတာနဲ့ မရေးဖြစ်သေးတဲ့ ဘုန်းဘုန်းကြီး လိမ်တယ်... ပို့စ်ရဲ့ ကွန်မင့်နှင့် အဖြေဖြစ်ပါတယ်...

ကောင်းမှုသည် ကောင်းကျိုးရှိ၏...
မကောင်းမှုသည် မကောင်းကျိုးရှိ၏လို့ မြတ်ဗုဒ္ဓ သင်ပြထား၏...
သို့အတွက် မြတ်ဗုဒ္ဓ နှစ်သက်သောအလုပ်ကို လုပ်ပါ၏...

သည်စာသည်နေရာမှာ ရေးတဲ့အတွက် ဘုန်းကြီးဖြစ်ဖို့တော့ များပါတယ်... မဟုတ်ရင်တော့ ဘုန်းကြီးတွေကို ရန်တိုက်ပေးချင်လို့လား သို့မဟုတ် ဘုန်းကြီးကို အမှန်တွေ များများရေးစေချင်လို့လားတော့ မသိပါ... ရေးတာကတော့ ဘုရားမျက်နှာကြည့်ပြီး တရားတော်အတိုင်းပဲ ရေးနေတာပါ... မည်သူတွေ ၀ိနည်းဖေါက်ဖေါက် ဖေါက်တဲ့သူကတော့ အာပတ်သင့် အပြစ်ဖြစ်ကြမှာပါပဲ...

ကြီးလည်း အာပတ်ပဲ သေးလည်း အာပတ်ပါပဲ... မြတ်ဗုဒ္ဓကတော့ ၀ိနည်းအသေးတော့ ဖေါက်ကြကွာ ၀ိနည်းအကြီးတော့ မလုပ်ကြနဲ့ပေါ့လို့ အပြောမရှိတဲ့အတွက် ထေရ၀ါဒ ရဟန်းမှန်လျှင် အားလုံးစောင့်ထိန်းကြရမှာပါ... စောင့်ထိန်းနေတဲ့ကြားက အာပတ်သင့်သွားတဲ့ကိစ္စမျိုးကိုတော့ အများက (သူတော်ကောင်းတွေက) သိပ်ပြီး အပြစ်မတင်ကြသေးပါဘူး... (ဒါတောင် ဒီစာသားက ခုခေတ်အနေနဲ့ ရေးတဲ့သဘော… ဘုရားရှင် ၀ိနည်း ၂၂၇-မျိုး ထုတ်တာ အပြစ်တင်ကဲရဲ့ပြီးမှ ထုတ်တာဖြစ်ပါတယ်) လုပ်ချင်ရာလုပ်နေလို့ အပြစ်သင့်တဲ့သူတွေကိုတော့ သာသနာကို စောင့်ရှောက်လိုသူများက ကဲ့ရဲ့ကြပါလိမ့်မယ်... သည့်ထက်ပိုဆိုးပြီး အဓမ္မဘက် ကူးလာရင်တော့ ၀ိနိစ္ဆယ ဖြစ်ပါလိမ့်မယ်...

ထေရ၀ါဒ ဘုန်းကြီးမှန်ပါလျှင်…
သီလရှင် လူ ကိုရင် နဲ့ အတူတူစား အာပတ်သင့်ပါတယ်…
လက်နဲ့ပိုက်ဆံအလှူခံ အာပတ်သင့်ပါတယ်…
ဘေးနားချထား နည်းနည်းတော်သေး… (ဒါလည်း သာယာရင် အာပတ်သင့်တာပါပဲ)
ကိုယ်ဟာကိုယ် ထမင်းချက်စား အာပတ်သင့်ပါတယ်…
မကပ်တာယူစား အာပတ်သင့်ပါတယ်…

တောင်တန်း သာသနာပြုကြွတဲ့ သံဃာတော်တွေ သူများကို သာသနာပြု တရားဟောပေးတာက ကုသိုလ်ပါ…

သေးသေးကြီးကြီး အာပတ်ဟာ အာပတ် (အပြစ်) ပါပဲ…
သေးသေးကြီးကြီး ကုသိုလ်ဟာ ကုသိုလ်ပါပဲ…
အာပတ် အပြစ် အကုသိုလ်နဲ့ ကုသိုလ်ကို ခွဲပြီး ကြည့်ရပါမယ်… သိရပါမယ်…

မဂ်ဖိုလ် နိဗ္ဗာန်ဆိုသော တရားထူးကြီးများလိုချင်လျှင် အာပတ်ကိုရှောင်ရပါ့မယ်…
လုပ်ချင်တာလုပ်ပြီး အာပတ်မသင့်ချင်လျှင် လူဝတ်နဲ့ သာသနာပြုရပါ့မယ်…
လူဝတ်နဲ့ အမှားတွေ လျှောက်ဟောရင်တော့ သာသနာကိုစောင့်ရှောက်မဲ့ ဆရာတော်ဘုရားများက စောင့်ကြည့်နေပါတယ်…

သူများကို သာသနာပြုဖို့ထက် ကိုယ်ဘက်က ပြည့်စုံစွာနေကြဖို့ ပိုပြီးလိုပါတယ်... သူများပဲပြုချင် အုပ်စုတောင့်ချင် ဆိုရင်တော့ မကြာခင် လုပ်ချင်တာလုပ်ကြတဲ့ ၀ါဒသစ်ပိုင်ရှင်ကြီးများ ဖြစ်လာကြပါလိမ့်မယ်... ၀ါဒသစ်ထွင်ကြတာ အရေးမကြီးပါ မြတ်ဗုဒ္ဓ၀ါဒအောက်ကတော့ မလုပ်သင့်ကြပါဘူး...

တောင်းပန်ပါတယ် လုပ်ချင်တာတွေ လျှောက်မလုပ်ကြပါနဲ့…

တွေ့လာ မြင်လာရင်တော့ မြတ်ဗုဒ္ဓသာသနာအတွက် မှန်တဲ့ဘက်က မှန်တယ်ထင်တဲ့ဘက်က နိုင်သလောက် ဆက်လုပ်သွားမှာပဲ... အားလုံးဟာ ကိုယ်သန်ရာ ကိုယ်သန်ရာ လုပ်နေကြတာပါပဲ...

ဘယ်သူတွေဘာရေးရေး ဆရာတော်အနေမှန်သွားရင် ၀မ်းသာလှပါပြီ…

အားလုံးပဲ သူတော်ကောင်းတရားတွေ အားသန်ကြပါစေ…

ဦးလောကနာထ
၁၂.၂၁.၂၀၁၀