ပါဠိဘာသာသင်တန်း၏ သင်ရိုးမာတိကာအတွက် ကဏ္ဍကြီး နှစ်ပိုင်းဖြင့် သင်ကြားလေ့လာရမည်
၁။ သဒ္ဒါကဏ္ဍ
၂။ ဖတ်စာကဏ္ဍ
"သဒ္ဒတ်မတာ စပ်မတာ၊ သဒ္ဒါမတတ် စာမတတ်" ဟူသော ပညာရှိတို့ ဆိုထုံးစကားအတိုင်း...
"နိရုတ္တိပဋိသမ္ဘိဒါ" တည်း ဟူသော ဝေါဟာရ စကားအသုံးအနှုံး မနိုင်နင်းလျှင် စာပေတို့၏ အဓိပ္ပါယ်မှန်ကို မသိနိုင်ချေ။
အထူးသဖြင့်...
နက်နဲသိမ်မွေ့သည့် မြတ်စွာဘုရား၏ တရားတော်များကို မူရင်း ပါဠိဘာသာဖြင့် ဖတ်ရှုလေ့လာနိုင်ရန်မှာ သဒ္ဒါကျွမ်းကျင်ရပေမည်။
ဖတ်စာကဏ္ဍ သင်ရိုးမာတိကာ၏ ရည်မှန်းချက်မှာ...
မြတ်စွာဘုရား၏ ဒေသနာတော်ဖြစ်သော ပိဋကတ်သုံးပုံကို မိမိကိုယ်တိုင် ကြိုးစား၍ လေ့လာနိုင်သည့် အဆင့်အတန်းသို့ရောက်အောင်၊ မြေတောင်မြှောက်ပေးခြင်းပင် ဖြစ်သည်။
ဆက်လက်၍ သူတော်ကောင်းတို့ လေ့လာကြပါကုန်...

No comments:
Post a Comment