Saturday, February 27, 2010

နန္ဒနသုတ်... ကဗျာ

နန္ဒနသုတ်
(ပါ-၅+မြန်-၅)

ရဟန်းတို့အား မြတ်ဘုရား မိန့်ကြားစကားပင်။
ရှေး၌ဖြစ်ဖူး အကြောင်းထူး မိန့်ဖူးဘုရားပင်။
နန္ဒဝန်ခေါ် ဥယျာဉ်တော် ရွှင်ပျော်နတ်ပေါင်းပင်။
ငါးမျိုးကာမဂုဏ် အလုံးစုံ စုပြုံပျော်မြူးစဉ်။

နတ်နှစ်ဦးသား ပြောဆိုငြား မှတ်သားစကားပင်။
တစ်ဦးနတ်မှာ ဤသို့သာ ပြောလာစကားပင်။
နန္ဒဝန်ခေါ် ဥယျာဉ်တော် ရွှင်ပျော်မမြင်လျှင်။
နန္ဒဝန်ခေါ် ဥယျာဉ်တော် ရွှင်ပျော်မရောက်လျှင်။

ထိုနတ်တွေဟာ ချမ်းသာတာ သေချာမသိပင်။
တစ်ဦးနတ်မှာ ဤသို့သာ ပြောလာစကားပင်။
ရှေးဆိုနတ်သား ဆိုစကား ဆိုငြားအပြစ်တင်။
နတ်မိုက်ပြောတာ ရဟန္တာ ဆိုတာ မသိချင်။

ပြုပြင်ပါရ သင်္ခါရ မြဲထ မရှိပင်။
ဖြစ်တတ်ပျက်တတ် ချုပ်ကုန်လတ် အမြတ်ဘယ်မမြင်။
သင်္ခါရသာ ချုပ်ငြိမ်းရာ ချမ်းသာအစစ်ပင်။
နိဗ္ဗာန်သည်သာ ချမ်းသာတာ သေချာ ဉာဏ်သက်ဝင်။

မစလရွာ သေခဲ့တာ ဖြစ်လာတာဝတိံသာ နတ်ပေါင်းပါ။
မဃလုလင် အဦးတင် ခေါ်တွင်သုံးကျိပ်သုံးယောက်ပါ။
ရွှေရောင်အဆင်း တင့်တယ်ခြင်း ရှိခြင်းကိုယ်ဟာ သုံးဂါဝုတ်ပါ။ (ဌ- ၂၉)

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

No comments: