Thursday, April 1, 2010

သဗ္ဘိသုတ်... ကဗျာ

သဗ္ဘိသုတ်
(ပါ-၁၆မြန်-၁၅)

သူတော်တရား ဟောဖော်ကြား နာထားလာဘိ နတ်ပေါင်းရှိ။
နတ်နတ်သားခြောက်ဦး အမေးထူး လျှောက်ဖူးလေဘိ ထူးခြား၏ ။

၁။ သူတော်ကောင်းသာ ပေါင်းဖော်ရာ ကိုယ်ပါမြတ်ဘိတရားသိ။
၂။ သူတော်ကောင်းသာ ပေါင်းဖော်ရာ ပညာရှိဘိတရားသိ။
၃။ သူတော်ကောင်းသာ ပေါင်းဖော်ရာ ပူဆာငြိမ်းဘိတရားသိ။
၎။ သူတော်ကောင်းသာ ပေါင်းဖော်ရာ ဆွေညာလယ်ရှိတင့်တယ်၏။
၅။ သူတော်ကောင်းသာ ပေါင်းဖော်ရာ ကောင်းရာလားဘိသုဂတိ။
၆။ သူတော်ကောင်းသာ ပေါင်းဖော်ရာ ချမ်းသာစွာဘိနေရ၏။
တစ်ပါးနတ်သား ထပ်မေးငြား စကားဆို၏ ကောင်းမွန်၏။

ဘုရားမြတ်စွာ စိန္တေယာ ပြန်ကာဆိုဘိ မိန့်လိုက်၏။
အားလုံးနတ်တွေ စကားလေ မှန်ပေကောင်းဘိဆိုကြ၏ ။
ထို့ပြင်တ၀ ငါပြောပြ နာကြဘိလေ နတ်ပေါင်းသိ။
သူတော်ပေါင်းတာ ဆင်းရဲဟာ သေချာလွတ်ဘိ ချမ်းသာ၏။
ရှိခိုးကာသာ နှစ်သက်ကာ ကွယ်ကာသွားဘိ နတ်ပေါင်းရှိ။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

No comments: