Tuesday, April 6, 2010

သာဓုသုတ်... ကဗျာ

သာဓုသုတ်
(ပါ-၁၉-မြန်-၁၉)

ဥဒါန်းစကား နတ်အများ ဘုရားထံပါး ကျူးရင့်ပါ။
နှိုင်းယှဉ်ကြည့်ငြား ဘုရားများ ချန်ကာထားရမှာ။
ရှေ့သုတ်နှင့်တူ ပုဒ်တွေဟူ ချန်မူထားခဲ့ပါ။
နတ်တွေပြောကြား ထူးရာကား ရေးသားပါတော့မှာ။

ယုံကြည်မှုများ သဒ္ဓါပွား လှူငြားကောင်းလှပါ။
ပေးလှူကြခြင်း စစ်ထိုးခြင်း လွန်မင်းတူလှပါ။
သူတော်ကောင်းများ နည်းငယ်ငြား များပြားသူပါ အောင်မြင်ရာ။
ယုံကြည်ဖြစ်ကာ နည်းငယ်သာ လှူတာပြုခဲ့ပါ။

ထို့ကြောင့်သာလျှင် တမလွန် အားသွန်ချမ်းသာပါ။
တရားသဖြင့် ရှာဖွေလင့် ရလင့်များဥစ္စာ။
လောကုတ္တရာ တရားဟာ ရှိလာသူအား ပေးလှူငြား
မှတ်သားကောင်းလှပါ။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

No comments: