Wednesday, February 2, 2011

မလ္လိကာသုတ်... ကဗျာ

မလ္လိကာသုတ်
(ပါ - ၇၄+ မြန် - ၇၄)

မင်းမိဖုရားနှစ်ဦးသား နေငြားပြာဿဒ်မှာ။
ကောသလမင်း ပြောဆိုခြင်း မေးခြင်းစကားမှာ။
မိမိထက်သာ ချစ်သူဟာ မှန်စွာရှိသလော။
မလ္လိကာကား ဖြေစကား ပြန်ကြားပြောလိုက်ပါ။

မိမိထက်သာ ချစ်သူမှာ မှန်စွာ မရှိပါ။
မိမိသည်သာ ချစ်ဆုံးပါ မှန်စွာဆိုရဲပါ။
မိမိကိုယ်သာ ချစ်ခြင်းဟာ မြတ်စွာဗုဒ္ဓအလိုပါ။
လုံးစုံရပ်မှာ စိတ်နှင့်သာ လှည့်လာရှာဖွေပါ။

မိမိထက်ပို ချစ်အပ်ဆို ပုဂ္ဂိုလ်မတွေ့ပါ။
မိမိကိုယ်သာ ချစ်ကြတာ များစွာလူပေါင်းပါ။
ကိုယ်ကျိုးစီးပွား လိုရှိငြား သူများမညှင်းဆဲကြရာ။
မလ္လိကာကာ ဤဂုဏ်များ ပြည့်ထားပါတော့တာ။


၁။ ဗုဒ္ဓဥပဌာယိကာ။ ၂။ ဓမ္မဥပဌာယိကာ။ ၃။ သံဃဥပဌာယိကာ။
(ဘုရား၊ တရား၊ သံဃာအား လုပ်ကျွေးပြုစုခြင်း)
၎။ ပဟာပညာ။ ဌ - ၁၂၉။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

No comments: