Friday, April 17, 2009

ဒါတွေ မလုပ်ဖို့ မှာလိုက်ပါရစေ...

ဆွေတော်မျိုးတော်များ...
(သင်တို့တတွေ ဘုန်းကြီး ကျန်းမာရေး မကောင်းလို့ ဆိုပြီး ဗေဒင်မေး ယတြာချေ ဓါတ်ရိုက် ဓါတ်ဆင် လုံးဝ လုံးဝ အလုပ်ရ) ဆိုပြီး ၄.၁၁.၂၀၀၉- နေ့ကမှ ဖုံးဆက်ဖြစ်သေး။ ခု ဒကာလေးmm က တိုက်တိုက်ဆိုင်တိုင် မေးလာတယ်... တခါတရံ တိုက်ဆိုင်မှုတွေက ဒီလိုဘဲလေ...

ဖုံးဆက်ဖြစ်တော့.. ဘာပြောသေးလဲဆို အကိုဖြစ်သူက ဒီနေ့ဘဲ အဖေ အမေတို့ရဲ့ နှစ်ဦးပေါင်း ထဲ့ထားတဲ့ အုတ်ဂူပေါ်ကို သစ်ကိုင်းကျိုးကြလို့ ဂူကြီးပျက်သွားပါတယ်၊ ခုဘဲ အသစ်တည်ဆောက်မလို့ပါတဲ့... တိုက်ဆိုင်မှုတွေ... သြ လောက လောက...။
((ဘုန်းကြီးတို့အမျိုးက ဒီလို နှစ်ယောက်ပေါင်းတစ်လုံး))

ဘုန်းကြီးအလှည့်ကြရင်တော့ အင်း... မည်သူ့မှဖိတ်၍ ဒုက္ခမပေးရ မီးရှို့ ပြာချ အမှိုက်ပုံးထဲထဲ့ကြ...
(လက္ခံသူရှိလျှင် တကိုယ်လုံးလှူမည်)(ဆေးရုံကတော့ယူမည် ထင်ပါသည်)မသိသေး...



စာကို ဒကာလေးထံသို့ မေးလ်မှ ပို့လိုက်ပါပြီ...
ဒီစာကို အမည်မထဲ့ဘဲ တင်သည့်အတွက် အနှောက်အယှက် မဖြစ်လောက်ဘူး ယူဆပါတယ်။ mm

ဒကာ mm ရေ...

ဒကာလေးအဖြစ် ကြားရတာ စိတ်မသက်သာစရာပါ...
ရောဂါလည်းဖြစ်ရသေး ငွေလည်းကုန်သေး ဘုးရားမကြိုက်တဲ့ အလုပ်လဲ လုပ်ရဦးမယ် ဆိုရင်တော့ မလွယ်ပါလား။ ဘုန်းကြီးမှာများ ဒီလိုဖြစ်ခဲ့ရင် ဘယ်လိုလုပ်ရပါ့မလဲ စဉ်းစားကြည့်မိပါတယ်။ ပယောဂဆရာရဲ့စကား မယုံချင်ပေမဲ့လို့ ရောဂါကလဲ မပျောက်ဖြစ်နေတော့ ဝေခွဲရခက်ခဲနေတော့မှာပေါ့။
တခေတ်တစ်ခါဖြစ်ပျက်ခဲ့တဲ့ သမိုင်းလေးကြည့်ရအောင် သမိုင်းဆိုတာ ခိုင်မာတယ်နော် သေချာတယ်၊ ပုံပြင်ဆိုတာ မခိုင်မာဘူး။ တိဘက်ပြည်အဖြစ်အပျက် ဗြိတိသျှတွေဝင်တဲ့အခါမှာ တိဘက်ကဘုန်းကြီးတွေကို ပြည်သူတွေက ဘုန်းကြီးတွေတတ်တဲ့ ပညာနဲ့ အနိုင်တိုက်နိုင်ပါတယ်လို့ မျှော်လင့်နေကြတယ် စာထဲမှာကတော့ ခနဲ့တဲ့တဲ့ပေါ့ ((ဗြိတိသျှတပ်ကို တိဘက်ဘုန်းကြီးတွေက ခဲနဲ့ အနိုင်တိုက်နိုင်မယ်လို့ ထင်နေကြပါတယ်တဲ့၊)) ဗြိတိသျှတပ်သား တစ်ရာကျော်နဲ့ဘဲ တိဘက်ကို ခဏအတွင်းမှာ သိမ်းလိုက်နိုင်ပါတယ်။

တနေ့က အင်တာနက်သတင်းမှာလည်း တွေ့လိုက်ရပါသေးတယ် အကြောင်းအရာတစ်ခု သီရိလင်္ကာဘုန်းတော်ကြီးလို့ ယူဆပါတယ်။ နိုင်ငံတော် စစ်တပ်မှ အရာရှိများက လှူဒါန်းပြီနောက် ဘုန်းကြီးမှ အရာရှိများရဲ့ လက်ကောက်ဝတ်မှာ ကြိုးတွေချည်ပေးနေတာ။ ဘယ်လောက်စွမ်းပြီး ဘာတွေဖြစ်မယ်တော့ မပြောတတ်ပါဘူး။ (ဘုရားကပရိတ်ကြိုးကိုတော့သုံးခွင့်ပြုပါတယ်)

ပယောဂဆိုတာ အသိဉာဏ်အားနည်းသူတွေ လက်ခံကျင့်သုံးတဲ့ သိမ်ဖျင်းတဲ့ အတွေးအခေါ်တွေပါ။ အသိဉာဏ်အားကြီးသောသူတွေ အသုံးမပြု လက်မခံပါဘူး။ ဒကာလေး အထက်တန်းကနေ ကျန်းမာရေးလေး မကောင်းတာနဲ့ အောက်တန်း ရောက်သွားနိုင်ပါတယ် သတိထားပါ။ လူတွေမှာ အားငယ်လာတဲ့အခါကြရင် ထင်မိထင်ရာ တွေးမိတွေးရာ တွေးထင်လာတတ်ပါတယ်၊ ဒီအချိန်မှာများ ဘေးနားက မသိနားမလယ်တဲ့သူ ရှိရင် ဗေဒင်မေးမယ်၊ ပယောဂဆရာခေါ်မယ်၊ ယတြာချေမယ်။ ဟိုလုပ်ဒီလုပ်နဲ့ ကိုယ်ဘာရောပြီး လုပ်မိတတ်ပါတယ်။ လုပ်ခဲ့ရင် သူ့ကြောင့် ရောဂါက ပျောက်မှာ မဟုတ်ဘူး၊ ပယောဂကုချိန်နဲ့ သူ့ကိုအားကိုးနေတဲ့အချိန် ကိုယ့်ကိုကိုယ် အားငယ်နေတဲ့အချိန် သူ့ဟာသူရောဂါပျောက်ချိန် တိုက်ဆိုင်လို့ကတော့ ပယောဂဆရာကြောင့် ယတြာကြောင့် ပျောက်သွားတယ်ဆိုပြီးယူမှာဘဲ အဲဒီကြရင်တော့ သရဏဂုံပျက်ပြီသာ အောင်းမေ့ပေတော့။ ဘာ့ကြောင့်လဲဆို ငါလုပ်လို့ ငါရတယ်ဆိုတဲ့ ကံ ကံ၏အကျိုး ယုံကြည်တဲ့စိတ် ပျောက်သွားပြီး ပျက်သွားပြီ။

မကောင်းသောနည်းလမ်းများကို ခေါ်ဆိုတဲ့ အောက်လမ်းနည်းများက မရှိတော့မဟုတ် ရှိပါတယ်၊ ဒါဘေမဲ့ တကယ်တတ်တဲ့သူကတော့ နည်းလှပါတယ်။ အနာနဲ့ဆေး တဲ့အောင်ပေး ပျောက်ရေးမခက်ပါတဲ့၊ အနာနဲ့ဆေး မတဲ့သေးဘူးဆိုရင်တော့ အနာက မငြိမ်းသေးဘူးပေါ့။ တချို့အနာရောဂါကြတော့ ပျောက်အောင်ကို ကုနိုင်တဲ့ဆေး မပေါ်သေးဘူးလေ၊ တချို့ကျတော့ ဘာရောဂါမှန်းကို မသိဘူး၊ ဒီလိုရောဂါမျိုးဆိုလည်း မပျောက်သေးဘူးပေါ့။ အမှန်တကယ် ကိုယ်က ကုနေရဲ့သားနဲ့ မပျောက်သေးရင် ငါ့ရဲ့ ဘ၀သံသရာက ပါလာတဲ့ အကုသိုလ်အကျိုးတွေက မကုန်သေးတော့ ခံရဦးမှာပေါ့လေ... ဆိုပြီး သည်းခံနေလိုက်ပါ။ သည်းခံစိတ်ကလေး ၀င်တာနဲ့ ရောဂါကလဲ သက်သာသင့်သလောက် သက်သာပါတယ်။ ဒီနေရာမှ ကံဆိုတာကို လူတွေက လွယ်လွယ်ပေါ့ အတိတ်ကံဘဲ အတိတ်ကံဘဲ ဆိုပြီး ပြောတတ်ကြပါတယ်။ ဒီလိုဆို မပြည့်စုံသေးပါဘူး။ မိမိကိုယ်တိုင် ယခင်က ဉာဏ်နှင့် ၀ီရိယ အားမထုတ်ဘဲ ပြုလုပ်ခဲ့သော အလုပ်၏ အကျိုးတရားများလို့ သဘောပေါက်ရပါ့မယ်။

ဒီဘက်မှာတွေ့ဘူး ကြားဘူးတာလေးတစ်ခု အများဗဟုသုတဖြစ်အောင် တစ်နေ့မှာ အမျိုးသမီးတစ်ယောက် အလုပ်က ပြန်လာပါတယ်၊ ဒီအချိန် ကိုယ်နှင့် မသိသော မိန်းမတစ်ဦးက လိပ်စာကပ်လေး ပေးလို့ နှုတ်ဆက်လာပါတယ်။ အကူအညီလိုရင်ပြောနော်၊ သမီးလေးတစ်ယောက်ရှိတယ် မဟုတ်လား၊ သမီးလေးကို ဂရုစိုက်နော် သူ့မှာ အန္တရာယ်ရှိတယ်။ ဒီလိုပြောပြီးနောက် လမ်းခွဲထွက်သွားတယ်။ ကိုယ်ကားကိုယ်မောင်း ကိုယ်အိမ်ကိုယ်ပြန်ကြတာပေါ့၊ အိမ်ရောက်တော့ သမီးလေး အခြေအနေလေ့လာ သမီးလေးကပုံမှန် ဘာမှမထူး ဒီတော့ စိတ်ထဲမှာနော့ နဲနဲပေါ့သွားတယ်၊ တစ်ပါတ်လောက်ကြာတော့ သမီးရဲ့လွယ်အိပ်ထဲမှာ လုံးဝကို မိခင်ဖြစ်သူ မထင်မှတ်ထားတဲ့ စာတစ်စောင်သွားတွေ့ရတယ်၊ မိခင်ဖြစ်သူ မျက်လုံးပြူး မျက်ဆံပြူးနဲ့ တစ်ဦးတည်းသော သမီးလေးအတွက် ရတက်မအေးတော့ဘူး သိတဲ့အတိုင်း ဒီမှာက တစ်ဦးနဲ့တစ်ဦး ကူညီတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်၊ ဒီအချိန် မျက်စိထဲမှာ ပြေးမြင်လိုက်တာကတော့ လွန်ခဲ့သော တစ်ပါတ်ခန့်က နှုက်ဆက်သွားသူ အမျိုးသမီး မွန်မွန်ရည်ရည်နဲ့ သူ့အလုပ်ကပ်ပြာက ဓါတ်ရိုက်ဓါတ်ဆင် ယတြာ ဆရာမကြီးဆိုဘဲ။ လိမ်မဲ့သူက ပိပိယိယိနော် ဘုန်းကြီးက ဖုံးပြီးမရေးတတ်လို့။ ဘယ်လိုလေးလဲ ဆက်ကြရအောင်...။ အမလေး ငါ့ကို ဘုရားမတာ ဒီလိုဖြစ်မယ်ဆိုတာသိလို့ သူအရင်လာပြီး မိတ်ဆက်တာနေမှာဘဲ။
ဒါနဲ့... လိပ်စာကပ်လေးထဲကအတိုင်း လိုက်ရှာလိုက်တာ သပ်သပ်ယပ်ယပ် အခန်းတစ်ခုထဲမှာ ဆရာမကြီးကို တွေ့လိုက်ရတယ်၊ မျက်စိဝေ့ကြည့်လိုက်တော့ အထင်ကြီးစရာတွေချည့်ဘဲ၊ အားငယ်တတ်တဲ့သူတွေ အသိမကြွယ်တဲ့သူတွေဟာ တွေ့ကရာ အထင်ကြီးတော့တာဘဲကိုး၊ ဘာတွေမှန်းကိုမသိတဲ့ ပစ္စည်းတွေများနေလို့။ အော်... ညီမလေး ဘာကိစ္စများရှိပါလဲကွယ်။ ဆရာမကြီး ပြောသလို အခု သမီးအရေး ပေါ်ပေါက်လာလို့ပါ။ ဒါများကွယ် ဆရာမကြီးက သိနေတယ်လေ ကြိုပြီးဆက်သွယ်တာ အထက်ပုဂ္ဂိုလ်ကပြောတယ် (ဘယ်အထက်ကမှန်းတော့မသိ)။ ဒီမှာပါ ဆရာမကြီး စာကတော့။ စာဖတ်ပြီးနောက် လွယ်ပါတယ်ညီမရယ်။ ဆရာမကြီးကသာ လွယ်နေ ညီမမှာတော့ ခေါင်းမီးတောက်နေပြီ ကယ်ပါဦး။ ကဲ ကဲ ပထမ သမီးလေးရဲ့ အ၀တ်( - - - - - ) တစ်ခုခုပေါ့ ဘာဘဲဖြစ်ဖြစ်ယူခဲ့ပေ။ ဆိုတော့ မအေဖြစ်သူ အိမ်ကိုပြန်လို့ တန်းယူလာတာပေါ၊့ သွေးသားအရေး ဆိုတော့ ပူနေပြီလေ လုပ်ချင်တာ လျှောက်လုပ်တော့မှာ။ ဒါနဲ့ နောက်နှစ်ရက်နေရင် ပြန်လာ စီစဉ်ပေးထားမယ်ဆိုတော့ မိခင်ဖြစ်သူအိမ်ပြန်လာ။ နောက်နှစ်ရက်နေတော့မှ တခါသွားတွေ့တော့ လင်ပန်းတစ်ခု ပြင်ဆင်ထားတာ တွေ့ရတယ်၊
လာလာ ညီမလေးရောက်လာပြီ အချိန်ကိုက်ဘဲ လုပ်ငန်းစမယ်၊ မစခင် ဖယောင်းတိုင် သုံးတိုင်ထွန်းရမယ်၊ ထွန်းမှာပေါ့ အမကြီးရယ် ကျသင့်သလောက်ပေးပါ့မယ်။ ((တစ်တိုင်ကို $3000 သုံးတိုင်ဆိုတော့ $9000)) လို့လဲပြောလိုက်ရော မိခင်ဖြစ်သူခမျာ မထွေးနိုင်အမျိုနိုင်ပေါ့ မလုပ်ဘူးလဲ အပြတ်မပြောရဲ ဆရာမကြီးလက်ထဲမှာ သမီးလေးရဲ့ အ၀တ်( - - - - - )ကလဲ ရောက်သွားပြီ။ ပိုက်ဆံကလည်း ဒီလောက်မသုံးဝံ့ မသုံးချင်။ (ဒကာတွေသတိထားနော် ဒီအချိန်ကြမှ သင့်ကိုသတိရမှာ) ဆရာမကြီးရယ် ဒီနေ့တော့မလုပ်ပါနဲ့ဦး သမီးလေးရဲ့ဖခင်နဲ့တိုင်ပင်ပြီး လာခဲ့ပါ့မယ်နော်ဆိုပြီး ချော့ထားခဲ့ရပါတယ်။

ဒီလိုထားခဲ့ပြီး ပြီးသလားဆိုတော့ မပြီးဘူးလေ သမီးကိစ္စကလည်းရှိသေး ပေးထားတဲ့ ဟိုဟာကလည်းရှိသေး ခုမှ ဆုပ်လဲဆူး စားလဲရူး ဖြစ်နေပြီ။ ဘုန်းကြီးမိတ်ဆွေ တစ်ယောက်နဲ့တွေ့လို့ ကျောင်းကိုခေါ်လာပါတယ်၊ ဒီပယောဂါကို ဘုန်းကြီးက ကုရတော့မယ်။ ယတြာချေရတော့မယ်။ (ဘုန်းကြီးကျွမ်းတယ်နော်..)
မြတ်စွာဘုရားဟောတဲ့တရားတွေထဲက သင့်တော်တဲ့ တရားတွေ သိသင့်တဲ့ တရားတွေပြောပြ၊ ဒါနဲ့တင်ဘယ်ရမလဲ သူတို့မှာက ကာယကံရှင်ဆိုတော့ အတော်ကြောက်နေတာ ဒီတော့ ယတြာချေခိုင်းလိုက်ပါတယ် ဘုန်းကြီးတာဝန်ယူတယ် ပျောက်စေရမယ်ပေါ့။ ယတြာကတော့ ဖယောင်းတိုင် ၉-တိုင်ကို ဂုဏ်တော် ၉-ပါး ရည်မှန်းပြီး စေတီကို ၉-ပတ်။ သောက်တော်ရေတစ်ခွက် ဘုရားဖြစ်လို့ ဆင်းရဲဒုက္ခချုပ်ငြိမ်းတာလေး အားရုံပြုလှူပါ ဆိုပြီးခိုင်းလိုက်ပါတယ်။ စွဲနေတယ်- ယတြာဆိုမှ သူတို့စိတ်က ကြည်လာတယ်၊ ကြည်လာတော့မှ ယုံအောင် တရားဆက်ဟော၊ နောက် လိမ်ပုံလိမ်းနည်း ဗဟုသုတလေးတွေ ပြောပြတော့၊ ဗုဒ္ဓဘာသာကို ယုံကြည်ပါတယ်ဘုရား ဆိုပြီး ပြန်သွားကြတယ်။ နောက်ပိုင်း ဘာတွေဖြစ်လာမယ်ဆိုတာ ကိုယ်လဲကြိုတင်လို့တော့ မသိဘူးပေါ့။ ဒကာကိုတော့ မှာထားရတယ် နောက်ဆက်တွဲ လေ့လာနေပါလို့။ မကြာဘူး သတင်းတွေထွက်လာပါတယ် (ဖ)အုပ်စုတွေ အဖွဲ့လိုက် ဒီလိုလိမ်စားနေကြတာပါတဲ့။ ((ယတြာ=ညီမျှအောင်ပြုခြင်း) (အိုက်လျှင်=ရေချိုး)(ချမ်းလျှင်=စောင်ခြုံ))

ဒကာဒကာမတို့...
တကယ်လို့ စိတ်ထဲမှာ ပယောဂကြောင့်လို့ ထင်နေရင် ရေမိုးချိုး အ၀တ်ကို သန့်သန့်ဝတ် ဘုရားကန်တော့ ခန္ဓာကိုယ်ကို ဘုရားလှူ သီလဆောက်တည်။ ပြီးတာနဲ့ အဲဒီကောင်ကို ရဲရဲတင်းတင်းသာ ငေါက်ထုတ်ပြစ်လိုက်တော့။ ဘုရားတရားသံဃာ ရတနာ သုံးပါးရဲ့ တန်ခိုးနဲ့ ဘေးအန္တရာယ် ကင်းသင့်သလောက်ကင်းရှင်းသွားနိုင်ပါကြောင်း...

အရေးအကြီးဆုံးကတော့ သူတော်ကောင်းတရားကို မမေ့ကြပါနဲ့...

စိတ်ချမ်းသာကြပါစေ... ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...။
ဦးလောကနာထ
၎.၁၇.၂၀၀၉

No comments: