Thursday, March 18, 2010

ဖုသတိသုတ် ... ကဗျာ

ဖုသတိသုတ်
(ပါ-၁၂+မြန်-၁၂)

ကံမတွေ့ထိ ပုဂ္ဂိုလ်၏ ကံ၏အကျိုး မရှိရိုး။
ကံတွေ့ထိငြား ပုဂ္ဂိုလ်အား ကံများအကျိုး တွေ့ကြရိုး။
မပြစ်မှားထိုက် ပုဂ္ဂိုလ်၌ စိတ်မိုက်စိတ်ဆိုး စော်ကားရိုး။
သူမိုက်အားသာ ပြန်လာကာ မှတ်ပါမကောင်းကျိုး ပေးကြရိုး။
လေညာသို့သာ ပြစ်လွတ်ပါငြား မြူမှုန်များကား ပြစ်ငြားသူသာ
ပြန်လာပေးရိုး အစဉ်တိုး။

ကံဟူသည်-
သဗ္ဗေသတ္တာ သတ္တ၀ါတို့ ကံသာမိဘ ရှိကြကုန်၏။
ကံကဆရာ စီမံရာကို သူငါစဉ်ဆိုက် အမြဲလိုက်လျက်။
ကံမိုက်လျှင်မှောင် ကံသာဆောင်၍ ကံပြောင်လျှင်လင်း၊
ကံလက်တွင်းတွင် ကံမင်းပြုရာ ဖြစ်ရပါပေါ့၊
ကံဟာဘယ်က ဖြစ်ကုန်ကြဟု တွေးဆသောခါ၊
ကံဖြစ်ရာသည် ကိုယ်သာပြုတဲ့ အမှုသော်၊
စေတနာမူ ကံဟုယူ ဖြစ်တူသဟ အကျိုးရ။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

No comments: