Sunday, March 21, 2010

ဇဋာသုတ်... ကဗျာ

ဇဋာသုတ်
(ပါ-၁၃+မြန်-၁၃)

ကိုယ်တွင်းကိုယ်ပ မြှေးယှက်ထ မှတ်ကြတဏှာမည်။
ထိုတဏှာဟာ များသတ္တာ ဖွဲ့ခါမြှေးယှက်သည်။
တဏှာရှုတ်ထွေး ဖြေရှင်းရေး ဆွေးနွေးနတ်မေးသည်။
ဂေါတမမည် ဘုရားသည် ဖြေပြီရှင်းတော့သည်။
တိဟိတ်ပဋိသန် ပညာညဏ်ရှိ အားထုတ်ဘိသူ သီလဟူ တည်သူ
ဖြေရှင်းနိုင်ပေသည်။
ရာဂဒေါသ မောဟကင်းကွာ ရဟန္တာ တဏှာဖြေရှင်းနိုင်ပါပြီ။
နာမ်ရုပ်ထိပါး သညာများ ချုပ်ငြားကင်းပြတ် တဏှာရပ် အမြတ်နိဗ္ဗာန်မည်။
နိဗ္ဗာန်ဆိုငြား တရားဘယ်ဟာ ဘယ်လိုပေပဲ ဝေခွဲဖြေပါ။
မီးဆယ့်တစ်ပါး ငြိမ်းငြားသော်သာ နိဗ္ဗာန်ပဲ အမြဲမှတ်လိုက်ပါ။
နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကြံစည် ဒါနသီလ သမထမူတည်။
ဝိပသနာလုပ်မှ ဒုက္ခလွတ်မည် စုတိဘေး အေး၍ရွှင်ကြည်ကြည်။
နိဗ္ဗာန်ရောက်ငြား တရားဆိုတာ ဘယ်ဆီသို့များ တို့သွားလို့ရှာ။
ခန္ဓာမည်ရ ကာယထဲသာ ရှာပါက ရောက်ရနိဗ္ဗာန်ပါ။


အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

No comments: