Sunday, March 28, 2010

မဟဒ္ဓသုတ်... ကဗျာ

မဟဒ္ဓသုတ်
(ပါ-၁၅+မြန်-၁၄)

များပြားဥစ္စာ သုံးဆောင်ရာ ရှိတာမင်းပေါင်းပင်။
ကာမဂုဏ်များ မက်မောထား ရငြားလိုလျှက်ပင်။
ချင်းချင်းဥစ္စာ တပ်မက်တာ လွန်စွာပြစ်မမြင်။
ဘ၀အယဉ် သံသာပြင်ဝယ် အစဉ်မှန်မှန် ခြေစုံကန်လျက်။
စုံဆန်သဘော တူလိုက်နှော၍ အတောမသတ် ချားရဟတ်သို့။
လည်ပတ်ခါခါ သတ္တ၀ါ တဏှာဘယ်သို့ စွန့်နိုင်နည်း။
ကြောင့်ကြမရှိ လောက၏ မှတ်ဘိပုဂ္ဂိုလ် အဘယ်နည်း။

ဤသို့နတ်သား လျှောက်ကာထား ဘုရားဖြေရာတွင်။

အိမ်ရာတည်ထောင် လူတို့ဘောင် ခွာရှောင်ရဟန်းပင်။
ချစ်အပ်ပါငြား သမီးသားနှင့် လင်သားမယား
စီးပွားဥစ္စာ ပယ်စွန့်ခွာ ကျင့်လာရဟန်းပင်။
ရာဂဒေါသ မောဟအ၀ိဇ္ဇာ ကင်းပြတ်ကာ ထွက်ခွာရဟန်းပင်။
အာသဝေါကင်းကွာ ရဟန္တာ ငြိမ်းပါလောကပင်။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

No comments: