Monday, March 22, 2010

မနောနိဝါရဏသုတ်... ကဗျာ

မနောနိဝါရဏ

မနောနိဝါရဏသုတ်
(ပါ-၁၃+မြန်-၁၃)

ကောင်းမကောင်းမှ စိတ်ကိုယ်ပ မုချတားမြစ်ရာ။
စိတ်ကိုယ်တားငြား ပုဂ္ဂိုလ်အား လွတ်ငြားဆင်းရဲပါ။
လုံးစုံပြစ်ငြား စိတ်ကိုကား မထားနိုင်သူမှာ။
အကုသိုလ်ဟာ ရောက်လာတာ သေချာဆင်းရဲပါ။
စိတ်မိုက်စိတ်ကြမ်း စိတ်ရိုင်းတွေဟာ ခန္ဓာကိုယ်ထဲ အမြဲနေတာ
အလိုလိုက်တိုင်း မိုက်ရိုင်းမွှေရှာ သိတရား ရှိငြားမနေခွါ။
သဒ္ဓါရေအေး စိမ်၍ပေး သဒ္ဓါဟူငြား ဤတရားကား လမ်းသွား
သံသရာ သတ္တ၀ါ၏ လူ့ရွာနတ်ထံ နိဗ္ဗန်ထုတ်ခြောက် အဆုံး
ရောက်အောင် ချီးမြောက်ဥပ နိသယဖြင့် မစမကွာ လိုက်၍သာလျှင်
ကလျာဏစစ် မိတ်ဆွေဖြစ်သို့ ဖြစ်ဖြစ်သမျှ ဘ၀ထိုထို ရတိုင်းကိုယ်၌
အလိုရှိရာ ပေးတတ်စွာ၏...။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

No comments: